ပူတာအိုမြို့နယ်အတွင်း  ထွက်ပြေးတိမ်းရှောင်လာသည့် ဇနီးမောင်နံနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ပူတာအိုမြို့နယ်အတွင်း  ထွက်ပြေးတိမ်းရှောင်လာသည့် ဇနီးမောင်နံနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်
ဖေဖော်ဝါရီ 16, 2022 | အခြားဒေသများ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း ဖတ်မာကျေးရွာတွင် KIA နှင့် ပူးပေါင်း PDF တပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံနှစ်ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း ပူတာအို PDF က ယနေ့ဖေဖော်ဝါရီလ(၁၆)ရက်တွင် သတင်း ထုတ်ပြန်သည်။

ယင်းတိုက်ပွဲသည် ဖေဖော်ဝါရီလ(၁၅)ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့ပြီး ကျေးရွာရှိ ပြည်သူများအား အပြင်ထွက်ခွင့်မပြုဘဲ လူသားဒိုင်းအဖြစ်အသုံးချကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဇနီးမောင်နံနှစ်ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ Putao PDF အနေဖြင့် ပြည်သူလူထုအတွက် အသက်စွန့် ကာကွယ်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ ဘုံရန်သူဖြစ်သော အကြမ်းဖက်စစ်ကောင်စီနှင့်အပေါင်းအပါများ အားလုံးကိုလည်း တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် အကြမ်းဖက် လူသတ်စစ်ကောင်စီကို အပြီးတိုင် တိုက်ထုတ်မည့် တော်လှန်ရေးတိုက်ပွဲတွင် ပူတာအို‌ပြည်သူလူထုတစ်ရပ်လုံးလည်း ပူးပေါင်းပါ၀င်ကြရန် အသိ‌ပေးနိုးဆော်ထားသည်။