"နိုင်ငံတော်က ချီးမြှင့်တဲ့ သီဟသုဓမ္မမဏိဇောတဓရဘွဲ့  လက္ခံရရှိတဲ့အတွက် မိသားစုအားလုံး ဝမ်းသာပီတိဖြစ် သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါတယ် ပါပါးရေ" ဟု မဲရှုံး PPP ပါတီ ဥက္ကဌ စကစ ဝန်ကြီး ဒေါ်သက်သက်ခိုင် အပျော်လွန်

"နိုင်ငံတော်က ချီးမြှင့်တဲ့ သီဟသုဓမ္မမဏိဇောတဓရဘွဲ့  လက္ခံရရှိတဲ့အတွက် မိသားစုအားလုံး ဝမ်းသာပီတိဖြစ် သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါတယ် ပါပါးရေ" ဟု မဲရှုံး PPP ပါတီ ဥက္ကဌ စကစ ဝန်ကြီး ဒေါ်သက်သက်ခိုင် အပျော်လွန်

မဲရှုံးပါတီ PPP ဥက္ကဌ၊ အာဏာသိမ်းစစ်ကောင်စီခန့်၍ လူမှုကယ်ပြန်ဝန်ကြီးဖြစ်လာသူ ဒေါ်သက်သက်ခိုင်က ၎င်း၏ ယောကျာ်းကို အာဏာသိမ်းစစ်ကောင်စီက သီဟသုဓမ္မမဏိဇောတဓရဘွဲ့ပေးသဖြင့် ဝမ်းသာပီတိဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာ Facebook တွင် ရေးသားထားသည်။

၎င်းယောက်ျားကို ယနေ့ မတ်လ(၁၆)ရက်တွင် အာဏာသိမ်းစစ်ကောင်စီက သီဟသုဓမ္မမဏိဇောတဓရဘွဲ့ပေးခဲ့ခြင်းကို မိသားစု ဓာတ်ပုံနှင့်တကွ ဖော်ပြလာခြင်းဖြစ်သည်။

ဒေါ်သက်သက်ခိုင်က"နိုင်ငံတော်က ချီးမြှင့်တဲ့ သီဟသုဓမ္မမဏိဇောတဓရဘွဲ့  လက္ခံရရှိတဲ့အတွက် မိသားစုအားလုံး ဝမ်းသာပီတိဖြစ် သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါတယ် ပါပါးရေ။"ဟု ရေးသားထားသည်ကို တွေ့ရသည်။

ဒေါ်သက်သက်ခိုင်က နိုင်ငံတော်ကပေးသည့် ဘွဲ့ဟု သုံးနှုန်းထားသော်လည်း ပြည်သူများက စစ်ကောင်စီကပေးသည့် ကျွန်လက် မှတ်တစ်ခုသာဖြစ်သည်ဟု ဆိုကြသည်။

ဒေါ်သက်သက်ခိုင်သူသည် ၎င်းနေရာယူထားသည့် လူကယ်ပြန်ဝန်ကြီးဌာနမှတဆင့် ပြီးခဲ့သည့် ဇန်နဝါရီလကမှ မိခင်ဖြစ်သူကို သက်ကြီးထောက်ပံ့ငွေပြန်ပေးခဲ့ခြင်းကြောင့် ဝေဖန်ဆဲဆိုခံခဲ့ရသေးသည်။

ဒေါ်သက်သက်ခိုင်သည် ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်၏ အစ်မ၊ အဆိုတော် Gee ၏ အမေဖြစ်ပြီး ရွှေနန်းတော်၊ စိန်နန်းတော် စသည့် ရတနာဆိုင်များနှင့် ဆောက်လုပ်ရေးကုမ္ပဏီများ ပိုင်ဆိုင်သူတစ်ဦးဖြစ်ကာ ၎င်းနှင့်သက်ဆိုင်သည့် မိသားစုနှင့် လုပ်ငန်းများကို လူမှုရေးပြစ်ဒဏ်ခတ်ရန် တော်လှန်ရေး အင်အားစုများက နှိုးဆော်ထားသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအဖြစ် အနိုင်ရရှိခဲ့သော်လည်း ၂၀၁၉ တွင် NLD ပါတီမှ နုတ်ထွက်ကာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို တည်ထောင်ခဲ့သူဖြစ်ပြီး ၂၀၂၀ ‌အထွေထွေရွေးကောက်ပွဲတွင် တစ်နေရာမှ အနိုင်မရပဲ အာဏာသိမ်းစစ်အုပ်စုက ခန့်အပ်၍သာ ဝန်ကြီးဖြစ်လာသူဖြစ်သည်။