ဒီပဲယင်းအရှေ့ခြမ်းကို အာဏာသိမ်းစစ်ကောင်စီ၏တပ်က တိုက်ပွဲမရှိဘဲ ရဟတ်ယာဉ်များဖြင့် နှစ်ကြိမ် လာရောက်ပစ်ခတ်

မုံရွာ နမခမှ ဒီပဲယင်းအရှေ့ခြမ်းသို့ ပျံသန်းသွားသည့် ရဟတ်ယာဉ်
မုံရွာ နမခမှ ဒီပဲယင်းအရှေ့ခြမ်းသို့ ပျံသန်းသွားသည့် ရဟတ်ယာဉ်
ဒီပဲယင်းအရှေ့ခြမ်းကို အာဏာသိမ်းစစ်ကောင်စီ၏တပ်က တိုက်ပွဲမရှိဘဲ ရဟတ်ယာဉ်များဖြင့် နှစ်ကြိမ် လာရောက်ပစ်ခတ်
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကို ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၄) ရက်နေ့ တစ်နေ့တာအတွင်း တိုက်ခိုက်မှုများမရှိဘဲ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် နှစ်ကြိမ်လာ၍ ပစ်ခတ်တိုက်ခိုက်၍ ဒေသခံများ စစ်ဘေးရှောင်နေရကြောင်းသိရသည်။

ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က ရဟတ်ယာဉ် (၃)စီးဖြင့် နေ့လယ် (၁၂)နာရီ (၄၈)မိနစ်အချိန်တွင် စတင်ပစ်ခတ်ပြီး ညနေ (၄)နာရီ မိနစ် (၂၀)တွင်လည်း နောက်ထပ် ရဟတ်ယာဉ်တစ်စီးဖြင့် ယဉ်ကျေးရွာကို ထပ်မံပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ယဉ်ကျေး၊ ကုန်းကြီး၊ ကုန်းတန်းကျေးရွာများအနီးကို အာဏာသိမ်းစစ်ကောင်စီ၏တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အပြင် ယဉ်ကျေးရွာတောကျောင်းကို မီးရှို့ဖျက်ဆီးကာ ရွာတွင်းနေအိမ်များမှ ပစ္စည်းများ ခိုးယူသွားကြကြောင်း သိရသည်။

လက်ရှိတွင် ဒီပဲယင်းအရှေ့ခြမ်း၌ စစ်ဘေးရှောင်ကျေးရွာ စုစုပေါင်း( ၅ ) ရွာထိရှိလာ၍  နီးစပ်ရာကျေးရွာများမှ ကူညီစောင့်ရှောက်ပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။