ပေါက်ခေါင်းမြို့နယ်တွင် စစ်သားစုဆောင်းနေသည့် အုပ်ချုပ်ရေးမှူးသားအဖနှစ်ဦး ပစ်ခံရပြီးသေဆုံး

ပေါက်ခေါင်းမြို့နယ်တွင် စစ်သားစုဆောင်းနေသည့် အုပ်ချုပ်ရေးမှူးသားအဖနှစ်ဦး ပစ်ခံရပြီးသေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် ညောင်ပင်အင်းရွာမှ အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူ စစ်ထွက် တပ်ကြပ်ကြီးကျော်စိုးတို့အား ယမန်နေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၂)ရက်နေ့ ညပိုင်းတွင် ပစ်ခတ်ခဲ့ကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(၃၆၀၁)ထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ နေအိမ်သို့ ဆိုင်ကယ်ဖြင့်သွားရောက်ပြီး စစ်ဆေးရန်ခေါ်ဆောင်လာရာ သဖန်းကိုင်းရွာဆည်ကြီးကုန်းအရှေ့ဘက် သရက်ချောင်းလမ်းအရောက်တွင် ဆိုင်ကယ်ပေါ်မှ ဆိုင်ကယ်အားဆွဲလဲပြီး ထွက်ပြေးရန် လုပ်ဆောင်သဖြင့် နှစ်ဦးလုံးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူးတင်ထွေးနှင့် ၎င်း၏သား တပ်ကြပ်ကြီးကျော်သူစိုးတို့သည် အုပ်စုအတွင်းရှိ လူငယ်၊ လူရွယ်များကို စစ်မှုထမ်းရန် လိုက်လံစုဆောင်းပေးခြင်း၊ သတင်းပေးပိုမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနေထိုင်ရာ စခန်းငယ်တစ်ခု စီးနင်းခံရခြင်း၊ တပ်ကြပ်ကြီး ကျော်သူစိုးမှာ ကပစ(၁၉) ဗိုလ်မှူးယုနောင်နှင့်ဆက်သွယ်ပြီး စစ်မှုထမ်းရန် ပြန်လည်လုပ်ကိုင်နေခြင်းတို့ကြောင့် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(၃၆၀၁)၊ PPDF တပ်ရင်း၊ တပ်ခွဲ (၄) ပြည်တော်ဝင်အဖွဲ့နှင့် တပ်ခွဲ(၅) နွေဦးအဖွဲ့တို့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ထံမှ မှတ်ပုံတင်တစ်ခု၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်ကတ်ပြားတစ်ခု၊ ဆိုင်ကယ်တစ်စီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ထားသော ဖုန်း(၂)လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်ကြသော အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ရပ်/ကျေးထွေအုပ်စာရေးများနှင့် ပျူစောထီးသတင်းပေးဒလန်များကို ပြတ်သားစွာ အရေးယူနေပြီဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: ပြည်ခရိုင်၊ တပ်ရင်း - ၃၆၀၂