မောင်းမကန် စာသင်ကျောင်းတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် အချင်းချင်း အရက်မူးစကားများပြီး ကျောင်းကို မီးရှို့

မောင်းမကန် စာသင်ကျောင်းတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် အချင်းချင်း အရက်မူးစကားများပြီး ကျောင်းကို မီးရှို့
ဖေဖော်ဝါရီ 15, 2022 | အခြားဒေသများ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်စံပြကျေးရွာရှိ စာသင်ကျောင်း၌ တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်သားများအချင်းချင်း  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့က အရက်မူးပြီး အချင်းချင်း စကားများကာ စာသင်ကျောင်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း  Launglone People Defence Forces ထံမှ  သိရသည်။

ယမန်နေ့  ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကလည်း အရက်မူးပြီး အချင်းချင်းပစ်ခတ်မှုကြောင့် တစ်ဦးသေသွားကြောင်း သိရသည်။

ယင်းကဲ့သို့ မူးရူးပစ်ခတ်မှုများရှိနေ၍ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်သွားလာခြင်း မပြုလုပ်ရန်နှင့် လုံခြုံသည့်နေရာတွင် နေထိုင်ကြပါရန် လောင်းလုံ PDF အသိပေးထားသည်။