ထမင်းမစားကျေးရွာတွင် စစ်ကောင်စီတပ် အပါအဝင် ပျူစောထီးတို့၏ ပူးပေါင်းအဖွဲ့ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွား

ထမင်းမစားကျေးရွာတွင် စစ်ကောင်စီတပ် အပါအဝင် ပျူစောထီးတို့၏ ပူးပေါင်းအဖွဲ့ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွား

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစား‌ကျေးရွာတွင် ပျူစောထီးများ အပါအဝင် အာဏာသိမ်း စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ယနေ့မတ်လ(၁)ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာသည်။

နယ်မြေခံတပ်နှင့်ပျူစောထီးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားနေစဉ် တိုင်းဗဟို(၁၂) ပလောက်တပ်မှ အင်အား(၃၀)ဝန်းကျင် အရပ်ဝတ်များဖြင့်ရောက်လာကာ စစ်ကူလာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များဘက်က အထိအခိုက်မရှိခဲ့ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များ ထမင်းမစားကျေးရွာသို့ ထပ်မံရောက်ရှိနေသဖြင့် ပြည်သူများသတိဖြင့် သွားလာနေထိုင်ကြရန် တိုက်တွန်းထားသည်။