စစ်ကောင်စီ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြည်သူများအတွက်ဟုဆိုကာ စစ်တပ်မိသားစုများကို စားအုန်းဆီနှင့် ကြက်ဥများ ဈေးလျှော့ရောင်း

စစ်ကောင်စီ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြည်သူများအတွက်ဟုဆိုကာ စစ်တပ်မိသားစုများကို စားအုန်းဆီနှင့် ကြက်ဥများ ဈေးလျှော့ရောင်း

အာဏာသိမ်းစစ်ကောင်စီ၏ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြည်သူများအား သက်သာသောကုန်ဈေးနှုန်းဖြင့် စားအုန်းဆီနှင့် ကြက်ဥများ ရောင်းချပေးသည်ဟုဆိုကာ စစ်ကောင်စီတပ်သားများ၏ မိသားစုဝင်များကို ရောင်းချပေးနေသောရုပ်သံအား ဖြန့်ဝေလာသည်။

အများပြည်သူများ သက်သာသောကုန်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်အတွက်ဟုဆိုကာ ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့က မင်္ဂလာဒုံမြို့နယ် စစ်ကောင်စီဆေးတက္ကသိုလ်တွင် စားအုန်းဆီနှင့် ကြက်ဥများရောင်းချပေးခဲ့ရာ ဝယ်ယူသူအများစုမှာ စစ်ကောင်စီတပ်သားများ၏ အမျိုးသမီးများ ဖြစ် နေသည်။

၎င်းတို့က စားအုန်းဆီ (၁)ပိဿာ (၅၀၀၀)ကျပ်နှုန်း၊ ကြက်ဥ(၁)လုံး (၂၀၀)ကျပ်နှုန်းဖြင့် တပ်တွင်းမိသားစုများအား ပြည်သူများဟုခေါင်းစဉ်တပ်၍ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းထားသည့် (၂)နှစ်ကျော်ကာလအတွင်း တိုင်းပြည်စီးပွားရေး မတည်ငြိမ်မှုများကြောင့် နိုင်ငံခြားငွေတန်ဖိုး အဆမတန်မြင့်တတ်လာကာ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် (၃၇၀၀)ကျပ်ဝန်းကျင်၊ ထိုင်းတစ်ဘတ်လျှင် ငွေကျပ်(၁၀၃)ကျပ် ဝန်းကျင်စျေးရှိနေခြင်းကြောင့် ပြည်တွင်းကုန်ဈေးနှုန်းများမှာလည်း မြင့်တက်နေခြင်းဖြစ်သည်။

#TachileikNewsAgency