ရန်ကုန်ဆေးရုံကြီး၏ နှလုံးအထူးကုဆရာဝန်ကြီးများ COVID 19 ကူးစက်ခံထားရ၍ နှလုံးပြင်ပလူနာဌာန ခေတ္တပိတ်မည်

ရန်ကုန်ဆေးရုံကြီး၏ နှလုံးအထူးကုဆရာဝန်ကြီးများ COVID 19 ကူးစက်ခံထားရ၍ နှလုံးပြင်ပလူနာဌာန ခေတ္တပိတ်မည်
ဖေဖော်ဝါရီ 12, 2022 | Covid-19

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ နှလုံးဆေးကုဌာနမှ  အထူးကုဆရာဝန်ကြီးများ COVID 19 ကူးစက်ခံထားရ၍ ပြင်ပလူနာဌာနကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့မှစ၍ ပိတ်ထားပြီး ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့တွင်မှ ပြန်လည်ဖွင့်လှစ်မည်ဟု သိရသည်။

နှလုံးဆေးကုပြင်ပလူနာဌာနတစ်ခုထဲကိုသာ ခေတ္တပိတ်ထားခြင်းဖြစ်ပြီး အရေးပေါ်လူနာနှင့် အခြားအထူးကု ပြင်ပလူနာများကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားမည်ဟု သိရသည်။

အရေးပေါ်နှလုံးလူနာများ ပုံမှန်အတိုင်း ဆေးရုံတင်ကုသမှုခံယူနိုင်သည်ဟု ကြေညာထားသည်ကို တွေ့ရသည်။