တာချီလိတ်မြို့နယ်အတွင်းမှ ပုံမှန်ဝင်ငွေမရှိ အိမ်ထောင်စု (၅,၀၀၀)ကျော်ကို ကျပ်(၂၀,၀၀၀)စီ စတုတ္ထအကြိမ် နိုင်ငံတော်ထောက်ပံ့ငွေ အိမ်တိုင်ရာရောက်ပေးအပ်

တာချီလိတ်မြို့နယ်အတွင်းမှ ပုံမှန်ဝင်ငွေမရှိ အိမ်ထောင်စု (၅,၀၀၀)ကျော်ကို ကျပ်(၂၀,၀၀၀)စီ စတုတ္ထအကြိမ် နိုင်ငံတော်ထောက်ပံ့ငွေ အိမ်တိုင်ရာရောက်ပေးအပ်
နိုဝင်ဘာ 12, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်းမှ ပုံမှန်ဝင်ငွေမရှိ အိမ်ထောင်စု (၅,၀၀၀)ကျော်ကို  ကျပ်(၂၀,၀၀၀)စီ စတုတ္ထအကြိမ် နိုင်ငံတော်ထောက်ပံ့ငွေ အိမ်တိုင်ရာရောက်ပေးအပ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း  ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုပေါင်း (၅,၆၁၆) စုအား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့မှစ၍ စတုတ္ထအကြိမ် နိုင်ငံတော်၏ထောက်ပံ့ငွေကို အိမ်တိုင်ရာရောက် ပေးအပ်နေပြီဖြစ်သည်။
“ထောက်ပံ့တဲ့အခါမှာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုရုံးဝန်ကြီးဌာနက ညွှန်ကြားထားတာရှိပါတယ်။ ပြည်သူတွေ လက်ဝယ်အရောက်ပေးဖို့၊ နောက်ငွေကြေးအပြည့်အဝပေးဖို့ဆိုပြီး ညွှန်ကြားတာရှိတဲ့အတွက် ကျွန်တော်တို့ တာချီလိတ်၊ တာလေနဲ့ ကျိုင်းလပ်မှာ အဖွဲ့တွေခွဲပြီး ပြည်သူတွေလက်ဝယ်ရရှိအောင်လို့ ကျွန်တော်တို့ ဒီနေ့ စပေးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ထောက်ပံ့တာက (၄)ကြိမ်ပေါ့။ ထောက်ပံ့တာကတော့ ပထမကြိမ်ပေးတဲ့ စာရင်းအတိုင်းပဲ စတုတ္ထအကြိမ် ထပ်မံထောက်ပံ့ပေးခြင်းဖြစ်ပါတယ်။”ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်နယ်အတွင်းရှိ တာချီလိတ်၊ တာလေနှင့် ကျိုင်းလပ်မြို့များရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ပေါင်း (၅,၆၁၆)စုထံ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များဖြင့် အဖွဲ့ပေါင်း (၅၂)ဖွဲ့ခွဲကာ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ ပေးအပ်သော်လည်း COVID 19 ကာလအတွင်း လူစုလူဝေးဖြစ်စေသဖြင့် စတုတ္ထအကြိမ်တွင် အိမ်တိုင်ရာရောက် လိုက်လံပေးအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
COVID 19 ကာလအတွင်း ရောဂါကာကွယ်ရေးအတွက် ကန့်သတ်မှုများလုပ်ဆောင်ထားချိန်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀,၀၀၀) စီကို နိုင်ငံတော်က ပံ့ပိုးပေးနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~