Covid-19 ကာလအတွင်း မီတာခ လာဆောင်သူများအတွက် တာချီလိတ်မြို့မီးလင်းရေးရုံးရဲ့ စီစဉ်ထားမှု အခြေအနေ

Covid-19 ကာလအတွင်း မီတာခ လာဆောင်သူများအတွက် တာချီလိတ်မြို့မီးလင်းရေးရုံးရဲ့ စီစဉ်ထားမှု အခြေအနေ
မေ 24, 2020
By Tachileik News Agency
Covid-19 ကာလအတွင်း မီတာခ လာဆောင်သူများအတွက် တာချီလိတ်မြို့မီးလင်းရေးရုံးရဲ့ စီစဉ်ထားမှု အခြေအနေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာရှိတဲ့ မြို့မီးလင်းရေးရုံးမှာ  လူစုလူဝေးကနေ အချင်းချင်း COVID 19 ကူးစက်ခံရခြင်း မရှိအောင် အစီအမံတွေပြင်ဆင်ပြီးတော့ မီတာသုံးစွဲခ ပေးဆောင်ခြင်းကို ယခင်ကနဲ့မတူဘဲ ပုံစံပြောင်းလဲ လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။

အခုလိုပြင်ဆင်ထားမှုနဲ့ပတ်သက်ပြီး မီတာခ လာရောက်ပေးဆောင်သူများက အခုလို ရှုမြင်ပြောကြားပါတယ်။

လူစုလူဝေးမဖြစ်အောင်လို့ ရပ်ကွက်အလိုက် နေ့သတ်မှတ်ထားပေမဲ့ မီတာခများကို သတ်မှတ်ရက်ထက်ကျော်သွားပါက covid-19 ကာလအတွင်းမှာ လကုန်အထိ လာရောက်ပေးဆောင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မီးလင်းရေးရုံးကို နေ့စဉ်နဲ့အမျှ ဝင်ထွက်သွားလာနေသူတွေ COVID 19 ကူးစက်ခံရခြင်းမရှိစေဖို့ မြို့မီးလင်းရေးရုံးက ရုံးခေတ္တပိတ်ထားပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ရတဲ့အပြင် ဝန်ထမ်းတွေအနေနဲ့ နေ့စဉ်နဲ့အမျှ ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်တွေကို လုပ်နေကြတယ်လို့ ဆိုပါတယ်။

COVID 19 ကာလအတွင်း ဓါတ်အားခများပေးဆောင်ရာမှာ နောက်ကျ ဒဏ်ကြေးမယူဘဲ ဖြေလျော့ပေးထားလို့ မေလကုန်အထိ မိမိတို့အဆင်ပြေတဲ့ အချိန်မှာ တနင်္လာမှ သောကြာနေ့အထိ နေ့စဉ် နံနက် (၈)နာရီခွဲကနေ ညနေ (၃)နာရီခွဲအတွင်း လာရောက်ပေးဆောင်နိုင်ကြမှာဖြစ်ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း ၊ ရိုက်ကူး - ချယ်ရီထိုက် ၊ ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~