မိုင်းယောင်းမြို့တွင် ပထမဆုံး Covid-19 ပိုးတွေ့ရှိခဲ့သည့် အတည်ပြုလူနာ (၃)ဦး ဆေးရုံဆင်း

မိုင်းယောင်းမြို့တွင် ပထမဆုံး Covid-19 ပိုးတွေ့ရှိခဲ့သည့် အတည်ပြုလူနာ (၃)ဦး ဆေးရုံဆင်း
ဒီဇင်ဘာ 15, 2020
By Tachileik News Agency
မိုင်းယောင်းမြို့တွင် ပထမဆုံး Covid-19 ပိုးတွေ့ရှိခဲ့သည့် အတည်ပြုလူနာ (၃)ဦး ဆေးရုံဆင်း 
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပထမဆုံး Covid-19 ပိုးတွေ့ရှိခဲ့သည့် အတည်ပြုလူနာအမျိုးသမီး (၃) ဦးကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၌ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီး နေအိမ်၌ အသွားအလာကန့်သတ်၍ (၇)ရက်နေထိုင်ရမည်ဖြစ်သည်။
ဆေးရုံဆင်းခွင့်ရသူများအား မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က လူနာများအား အိမ်သို့လိုက်လံပို့ဆောင်ပေးထားကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာ (၄) ရက်နေ့မှစ၍ Covid-19 အတည်ပြုလူနာစတင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ (၁၄) ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိထားသူ (၉)ဦးရှိသည့်အနက် (၃)ဦး ဆေးရုံဆင်းခွင့်ရသွားခြင်းဖြစ်သည်။
မိုင်းယောင်းမြို့နယ်တွင် Covid-19 အတည်ပြုလူနာများကို ဝမ်ဇလီလော်ကျေးရွာ၊ မြို့နယ်ဝန်ထမ်းအိမ်ရာ လေးထပ်တိုက်၌ ဖွင့်ထားသည့် ကုသဆောင်၌ ထားရှိခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - အားချာ
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~