သျှမ်းပြည်ညီလာခံကျင်းပနိုင်ရေးအတွက် ပထမအဆင့် တွေ့ဆုံဆွေးနွေးမှု ပြီးစီး

 သျှမ်းပြည်ညီလာခံကျင်းပနိုင်ရေးအတွက် ပထမအဆင့် တွေ့ဆုံဆွေးနွေးမှု ပြီးစီး
ဖေဖော်ဝါရီ 7, 2022 | နိုင်ငံရေး| ရှမ်းတောင်

သျှမ်းပြည်ညီလာခံဖြစ်မြောက်ရေး တွေ့ဆုံဆွေးနွေးပွဲ ပထမအဆင့်ကို ၂၀၂၂ ခုနှစ်  ဖေဖေါ်ဝါရီလ (၃) ရက်နေ့မှ (၇) ရက်နေ့အထိ ကျင်းပပြီး ရှေ့ဆက်လုပ်ငန်းစဉ်များကို အတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို သံဃာတော်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မြို့နယ်များမှ တက်ရောက်သူများနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ အဖွဲ့ဝင်များ စုစုပေါင်း (၉၃) ဦး တက်ရောက်သည်ဟု သိရသည်။

ဆွေးနွေးပွဲသည် ဘက်ပေါင်းစုံမှ ပေါင်းစုပါဝင်မှုဖြင့် ယုံကြည်မှုတည်ဆောက်ရန်၊ စည်းလုံးညီညွတ်မှုဖေါ်ဆောင်ရန်နှင့် သျှမ်းပြည်တွင်းပြဿနာများကို ဆွေးနွေးအဖြေရှာမည့် ဆုံရပ်အဖြစ်သာမက သျှမ်းပြည်ကိုယ်စားပြုနိုင်ငံရေးစုဖွဲ့မှုတစ်ရပ် ပေါ်ပေါက်လာစေရေး သျှမ်းပြည်ညီလာခံကျင်းပရေးအတွက် ဖြစ်သည်ဟု သိရသည်။

ညီလာခံဖြစ်မြောက်ရေး ရှေ့ဆက်လုပ်ငန်းများတွင် ရှမ်းပြည်နယ်တွင်းမှ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ အလွှာအဆင့်အသီးသီးနှင့် အဖွဲ့အစည်းများကို လက်ကမ်းကြိုဆိုပါသည်ဟုလည်း ထုတ်ပြန်သည်။