အာဏာသိမ်းစစ်တပ်၏ မွေးစားပါတီဖြစ်သည့် ကြံ့ဖွံ့ပါတီက နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့် အပြေးအလွှား လျှောက်ထား

Photo : Yumi Kotani
Photo : Yumi Kotani
အာဏာသိမ်းစစ်တပ်၏ မွေးစားပါတီဖြစ်သည့် ကြံ့ဖွံ့ပါတီက နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့် အပြေးအလွှား လျှောက်ထား

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ နှင့် နည်းဥပဒေများကို ထုတ်ပြန်ကြေညာအပြီး နောက်တစ်ရက်တွင် အာဏာသိမ်း စစ်တပ်၏ မွေးစားပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုကြောင်း လျှောက်ထားလာသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် စီစဉ် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဖွဲ့က က ထုတ်ပြန်ကြေညာလာသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ စိတ်တိုင်းကျရေးဆွဲထားသည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့က လည်းကောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေကို ဇန်နဝါရီလ(၃၁)ရက်နေ့တွင်  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဖွဲ့က လည်းကောင်း ထုတ်ပြန် ကြေညာထားခြင်းဖြစ်သည်။

နည်းဥပဒေကို ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ကြေညာအပြီး ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ကြံ့ဖွံ့ပါတီက နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို လျှောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဖွဲ့က လက်ရှိနိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ နှင့် နည်းဥပဒေများအတိုင်း နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့် နှင့် မှတ်ပုံတင်ခွင့်များ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။