မွန်ပြည်ကာကွယ်‌ရေးတပ်(တောင်ပိုင်း)၏ လွတ်မြောက်နယ်မြေတွင် ၇၅ နှစ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကျင်းပ

Mon State Defense Force - တောင်ပိုင်း
Mon State Defense Force - တောင်ပိုင်း
မွန်ပြည်ကာကွယ်‌ရေးတပ်(တောင်ပိုင်း)၏ လွတ်မြောက်နယ်မြေတွင် ၇၅ နှစ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကျင်းပ
By Tachileik News Agency

မွန်ပြည်ကာကွယ်ရေးတပ်(တောင်ပိုင်း)၏ လွတ်မြောက်နယ်မြေတွင် ယနေ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၁)ရက်နေ့ နံနက် (၇)နာရီဝန်းကျင်က (၇၅) နှစ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကို ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မွန်အမျိုးသားအလံတော်နှင့် မွန်ပြည်ကာကွယ်ရေးတပ်အလံတော်အား အလေးပြုခြင်း၊ တော်လှန်ရေးတွင် အသက်ပေးသွားသည့် ခေါင်းဆောင်၊ ရဲဘော်နှင့် ပြည်သူများအား အလေးပြုခြင်းအစီအစဉ်များဖြင့် အခမ်းအနားအား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။  

မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း)၏ မူဝါဒမှာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးဖြစ်သည့်အတွက် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ နွေဦးတော်လှန်ရေးအင်အားစုတို့နှင့် ညီညွတ်မှုတည်ဆောက်သွားမည်ဟု အဆိုပါအခမ်းအနားတွင် မွန်ပြည်ကာကွယ်ရေးတပ် - ဦးစီးကော်မီတီ (၁)က ပြောကြားကြောင်း သိရသည်။  

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို မလိုလားသည့်ဆန္ဒပြပြည်သူများကို  အပြင်းအထန် နှိပ်ကွပ်ခဲ့ခြင်းကြောင့် ယခုဆိုလျှင် မြန်မာစစ်တပ်အား စစ်ကိုင်း၊ မကွေးဒေသများမှ ဗမာပြည်သူများပါ လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည့်နည်းတူ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကလည်း မိမိတို့နယ်မြေဒေသများကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် လက်တွေ့တည်ဆောက်ရေးအတွက် မိမိတို့ ပြည်နယ်အတွင်း အာဏာ (၃)ရပ် ကျင့်သုံးနိုင်ရန် ဆောင်ရွက်နေကြပြီဖြစ်ကြောင်း ဦးစီးကော်မီတီ (၂)က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်ဟု သိရသည်။

မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း)က (၇၅) နှစ်မြောက် မွန်တော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ကြောင်း သိရသည်။