အာဏာသိမ်းအဖွဲ့က ဖမ်းထားသည့် ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌ ဒေါက်တာ အမ်ကောန်လကို  ယနေ့ရုံးထုတ်မည်

ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌ ဒေါက်တာ အမ်ကောန်လ
ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌ ဒေါက်တာ အမ်ကောန်လ
အာဏာသိမ်းအဖွဲ့က ဖမ်းထားသည့် ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌ ဒေါက်တာ အမ်ကောန်လကို  ယနေ့ရုံးထုတ်မည်
By Tachileik News Agency

အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားသည့် ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌ ဒေါက်တာ အမ်ကောန်လကို ယနေ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြိုနယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက  ဩဂုတ်လ (၂၅) ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်တွင် နေပြည်တော်ရှိ ဒေါက်တာ အမ်ကောန်လ၏ ဆေးခန်းသို့ အရပ်ဝတ်များဖြင့်လာရောက်ကာ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ အမ်ကောန်လသည်   ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး  ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မိုးမောက်မြို့နယ် အမျိုးသားလွတ်တော် မဲဆန္ဒနယ် အမှတ် (၄) မှ   ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ အမ်ကောန်လသည် စစ်အာဏာသိမ်းပြီးနောက် ကချင်နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များ၊ တသီး ပုဂ္ဂလ ကချင်အရေး တက်ကြွ လှုပ်ရှားသူများ ပါဝင်ဖွဲ့စည်းထားသည့် ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (Kachin People’s Political Front-KPPF) ၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌ ဒေါက်တာအမ်ကောန်လ အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ရေး ဝိုင်းဝန်း ဆုတောင်းကူညီပေးကြရန် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) မှ တောင်းဆိုထားသည်။