တာခ်ီလိတ္ၿမို႕တြင္ စက္တင္ဘာလဆန္းထိ ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈရိွေနဆဲျဖစ္ၿပီး အသက္ ၁၅ ႏွစ္ေအာက္မ်ား အျဖစ္မ်ား

တာခ်ီလိတ္ၿမို႕တြင္ စက္တင္ဘာလဆန္းထိ ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈရိွေနဆဲျဖစ္ၿပီး အသက္ ၁၅ ႏွစ္ေအာက္မ်ား အျဖစ္မ်ား
စက်တင်ဘာ 4, 2019
By Tachileik News Agency
၂၀၁၈ ခုႏွစ္က ေသြးလြန္တုပ္ေကြးလူနာ (၄၅၄)ဦး တက္ေရာက္ကုသမႈခံယူခဲ့သည့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ခရိုင္ျပည္သူ႔ေဆးရံုတြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၃)ရက္ေန႔အထိ တက္ေရာက္ ေဆးကုသမႈခံယူသည့္ ေသြးလြန္တုပ္ေကြးလူနာ (၃၅၀)ဦးရိွေနၿပီး ျဖစ္ပြားမႈေလ်ာ့က်ျခင္းမရိွေသးေၾကာင္း သိရသည္။

“အခုလည္း ျဖစ္ပြားမႈကေတာ့ ေလ်ာ့သြားၿပီ ေျပာလုိ႔မရေသးဘူး။ ေန႔စဥ္ လူနာေတာ့ ရိွေနေသးတယ္။ အမ်ားစုက အသက္ (၁၅)ႏွစ္ေအာက္ ကေလးေတြ အျဖစ္မ်ားတယ္။ ကၽြန္ေတာ္တုိ႔လည္း ေရာဂါကာကြယ္ေရး ဖံုးသြန္လဲစစ္ကို ေတာက္ေလွ်ာက္လုပ္ေနပါတယ္”ဟု တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္တြင္ ေသြးလြန္တုပ္ေကြးေရာဂါႏွင့္ ျခင္ေၾကာင့္ျဖစ္ပြားသည့္ ဆက္စပ္ေရာဂါမ်ား ကာကြယ္ႏုိင္ေရးအတြက္ က်န္းမာေရးဝန္ထမ္းမ်ားက ရပ္ကြက္မ်ားအတြင္း ဖံုးသြန္လဲစစ္လုပ္ငန္းမ်ားကို အမ်ားျပည္သူအား အသိပညာေပးျခင္းႏွင့္ ကြင္းဆင္းေဆာင္ရြက္ေပးျခင္းမ်ားကိုလည္း လုပ္ေဆာင္ေပးေနျခင္းျဖစ္သည္။

" ေသြးလြန္တုပ္ေကြးအေနနဲ႔ ကၽြန္ေတာ္တို႔ အပတ္စဥ္တိုင္း ဖုံး၊ သြန္၊ လဲ၊ စစ္လုပ္တာတို႔၊ အဘိတ္ေဆးခပ္ တာတို႔၊ ေရာဂါျဖစ္ပြားတဲ့အိမ္နဲ႔ ေဘးပတ္လည္ကိုက္ (၁၀၀) ကို ျခင္ေဆးျဖန္းတာတို႔ကို အပတ္စဥ္တိုင္း လုပ္ပါတယ္"ဟု တာခ်ီလိတ္ခရိုင္ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္းက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ႏွင့္ နယ္နမိတ္ထိစပ္ေနသည့္ ထုိင္းနိုင္ငံတြင္လည္း ၂၀၁၉ ခုနွစ္အတြင္း ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားမႈ ျမင့္တက္ေနျခင္းျဖစ္သည္။

တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုႀကီးတြင္ ေသြးလြန္တုပ္ေကြးေရာဂါလူနာ ကုသေပးခဲ့သည့္အေရအတြက္မွာ ၂၀၁၄ ခုႏွစ္တြင္ (၄) ဦး၊ ၂၀၁၅ ခုႏွစ္တြင္ (၁၈) ဦး၊ ၂၀၁၆ ခုႏွစ္တြင္ (၅၇) ဦး၊ ၂၀၁၇ ခုႏွစ္တြင္ (၁၅၈) ဦးႏွင့္ ၂၀၁၈ ခုႏွစ္တြင္ (၄၅၄) ဦး ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - khin hnin kyu

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင် စက်တင်ဘာလဆန်းထိ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုရှိနေဆဲဖြစ်ပြီး အသက် ၁၅ နှစ်အောက်များ အဖြစ်များ
********
၂၀၁၈ ခုနှစ်က သွေးလွန်တုပ်ကွေးလူနာ (၄၅၄)ဦး တက်ရောက်ကုသမှုခံယူခဲ့သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့အထိ တက်ရောက် ဆေးကုသမှုခံယူသည့် သွေးလွန်တုပ်ကွေးလူနာ (၃၅၀)ဦးရှိနေပြီး ဖြစ်ပွားမှုလျော့ကျခြင်းမရှိသေးကြောင်း သိရသည်။

“အခုလည်း ဖြစ်ပွားမှုကတော့ လျော့သွားပြီ ပြောလို့မရသေးဘူး။ နေ့စဉ် လူနာတော့ ရှိနေသေးတယ်။ အများစုက အသက် (၁၅)နှစ်အောက် ကလေးတွေ အဖြစ်များတယ်။ ကျွန်တော်တို့လည်း ရောဂါကာကွယ်ရေး ဖုံးသွန်လဲစစ်ကို တောက်လျှောက်လုပ်နေပါတယ်”ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်ကြောင့်ဖြစ်ပွားသည့် ဆက်စပ်ရောဂါများ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်များအတွင်း ဖုံးသွန်လဲစစ်လုပ်ငန်းများကို အများပြည်သူအား အသိပညာပေးခြင်းနှင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းများကိုလည်း လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

" သွေးလွန်တုပ်ကွေးအနေနဲ့ ကျွန်တော်တို့ အပတ်စဉ်တိုင်း ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်တာတို့၊ အဘိတ်ဆေးခပ် တာတို့၊ ရောဂါဖြစ်ပွားတဲ့အိမ်နဲ့ ဘေးပတ်လည်ကိုက် (၁၀၀) ကို ခြင်ဆေးဖြန်းတာတို့ကို အပတ်စဉ်တိုင်း လုပ်ပါတယ်"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နှင့် နယ်နမိတ်ထိစပ်နေသည့် ထိုင်းနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မြင့်တက်နေခြင်းဖြစ်သည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါလူနာ ကုသပေးခဲ့သည့်အရေအတွက်မှာ ၂၀၁၄ ခုနှစ်တွင် (၄) ဦး၊ ၂၀၁၅ ခုနှစ်တွင် (၁၈) ဦး၊ ၂၀၁၆ ခုနှစ်တွင် (၅၇) ဦး၊ ၂၀၁၇ ခုနှစ်တွင် (၁၅၈) ဦးနှင့် ၂၀၁၈ ခုနှစ်တွင် (၄၅၄) ဦး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - khin hnin kyu

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net