ကြိုတင်မဲများ လာရောက်အပ်နှံချိန် ပွင့်လင်းမြင်သာစွာ လက်ခံပေးသွားမည်

ကြိုတင်မဲများ လာရောက်အပ်နှံချိန် ပွင့်လင်းမြင်သာစွာ လက်ခံပေးသွားမည်
အောက်တိုဘာ 15, 2020
By Tachileik News Agency
ကြိုတင်မဲများ လာရောက်အပ်နှံချိန် ပွင့်လင်းမြင်သာစွာ လက်ခံပေးသွားမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေအတွက် ကြိုတင်ဆန္ဒမဲပုံးတွေကို တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့မှာ ပြင်ဆင်ထားပြီး ကြိုတင်ဆန္ဒမဲတွေ လာရောက်အပ်နှံတဲ့အချိန်မှာ နိုင်ငံရေးပါတီတွေနဲ့ မီဒီယာတွေကို ဖိတ်ကြားသွားမယ်လို့ တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဌက ပြောပါတယ်။
တာချီလိတ်မြို့နယ်အတွင်းက တပ်ရင်း၊ တပ်ဖွဲ့တွေမှာရှိတဲ့ တပ်မတော်သားတွေနဲ့ အတူနေမိသားစုဝင်တွေ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့အတွက် မဲလက်မှတ်ပေါင်း (၉၀၀) ကျော်ကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားသလို ပုံစံ (၁၅) နဲ့ ကြိုတင်ဆန္ဒမဲပေးဖို့ လျောက်ထားသူ (၃၀) ကျော်ရှိနေပြီး လက်ရှိအချိန်အထိ လျောက်ထားမှုတွေ ရှိနေပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~