ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘာသာရေးဆိုင်ရာ အဆောက်အဦး အပါအဝင် နေအိမ်များ ပျက်စီး

Photo: DMO-PDF 
Photo: DMO-PDF 
ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘာသာရေးဆိုင်ရာ အဆောက်အဦး အပါအဝင် နေအိမ်များ ပျက်စီး
ဖေဖော်ဝါရီ 5, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ်၊   နောင်ပုလဲ ကျေးရွာအုပ်စုရှိ စစ်ရှောင်များနေသည့် နေရာကို အကြမ်းဖက်စစ် ကောင်စီတပ်က ယနေ့  ဖေဖော်ဝါရီလ(၄)ရက်တွင် လက်နက်ကြီးဖြင့် (၇)ကြိမ် ပစ်ခတ်ခဲ့သဖြင့် စစ်ရှောင် (၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်လာသည်။

အကြမ်းဖက်စစ် ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့်  အမျိုးသမီး(၁)ဦး၊ အမျိုးသား(၃)ဦး စုစုပေါင်း(၄)ဦး ထိမှန်ခဲ့သည့် အပြင်  ဘာသာရေးဆိုင်ရာ အဆောက်အဦး(၂)လုံး၊ ကား(၂)စီးနှင့် အိုးအိမ်(၂)လုံးတို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းနေရာသည် စစ်ဘေးရှောင်ပြည်သူအများအပြား ခိုလှုံနေသောနေရာဖြစ်ပြီး စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့်  ရာချီသော စစ်ဘေးရှောင်များ ထပ်မံတိမ်းရှောင်နေရကြောင်း သိရသည်။