လွိုင်ကော်မြို့ ထေးငှားလျားကန်အတွင်း စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ကန်အတွင်းမှ ဆယ်ယူလာစဉ် [ Photo: CJ ]
ကန်အတွင်းမှ ဆယ်ယူလာစဉ် [ Photo: CJ ]
လွိုင်ကော်မြို့ ထေးငှားလျားကန်အတွင်း စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ ထေးငှားလျားကန်တွင် ယနေ့ ဇွန်လ (၂၈)ရက်နေ့ နံနက်ပိုင်းက စိတ်ကျန်းမာရေး မကောင်းသည့်  အမျိူးသားတစ်ဦး ရေနစ်သေဆုံးနေကြောင်း သိရသည် ။ 

မနက်ပိုင်း အဲ့မှာ လမ်းသွားလျှောက်တဲ့သူတွေ တွေ့တယ်ပြောတယ်။ အစကတော့ ဘယ်သူလဲ မသိဘူး ရေနစ် သေနေတယ်ပေါ့ ။ အလော​င်းဆယ်ယူ ဘာညာ လုပ်တော့ စိတ်ကျန်းမာရေး မကောင်းတဲ့ အတူးဆိုတဲ့ ကောင်လေး ဖြစ်နေတယ်။ သူကို လွိုင်ကော်တစ်မြို့လုံးက မသိတဲ့သူ မရှိပါဘူး။

ဟု ဒေသခံတစ်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

လွိုင်ကော်မြို့ ထေးငှားလျားကန်အတွင်း ရေနစ်သေဆုံးနေသူမှာ လွိုင်ကော်မြို့မှ စိတ်ကျန်းမာရေးမကောင်းသူ အတူး ဆိုသည့် အမျိုးသား တစ်ဦးဖြစ်ကြောင်း သိရပြီး ရုပ်အလောင်းအား လူမှုကူညီရေးအဖွဲ့များမှ ဆယ်ယူပေးသွားကြောင်း သိရသည်။