ကယားျပည္နယ္၏ ပထမဆံုး ဓါတ္ပံုပြဲေတာ္ကို လိြဳင္ေကာ္တြင္ ဒီဇင္ဘာလ(၁၅)ရက္ေန႔ က်င္းပမည္

ကယားျပည္နယ္၏ ပထမဆံုး ဓါတ္ပံုပြဲေတာ္ကို လိြဳင္ေကာ္တြင္ ဒီဇင္ဘာလ(၁၅)ရက္ေန႔ က်င္းပမည္
ဒီဇင်ဘာ 14, 2018
By Tachileik News Agency

ပထမဆံုးအႀကိမ္ ကယားျပည္နယ္ ဓါတ္ပံုပြဲေတာ္ကို Yangon Photo Festival ႏွင့္ Myanmar Stories တို႔က ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ(၁၅)ရက္ေန႔ ညေန(၅)နာရီ၌ လိြဳင္ေကာ္ၿမိဳ႕၊ ေနာင္ယားရပ္ကြက္ရိွ ခရစၥတူးဘုရင္ဗဟိုဘုရားေက်ာင္းတြင္ က်င္းပမည္ျဖစ္သည္။

အဆိုပါဓါတ္ပံုပြဲေတာ္တြင္ ကယားျပည္နယ္ရွိ ဓါတ္ပံုဆရာမ်ား၊ PhotoDoc Trainer မ်ားမွ သင္တန္းဆင္း သတင္းေထာက္မ်ား၊ ေက်ာင္းသားမ်ားႏွင့္ CSO အဖြဲ႕မ်ားမွ မွတ္တမ္းဇာတ္လမ္းတိုမ်ားကို ျပသ သြားမည္ျဖစ္ၿပီး ဆုရဓါတ္ပံုဆရာမ်ားကို Canon ကင္မရာမ်ား အပါအဝင္ အျခားဆုမ်ားကိုပါ ခ်ီးျမႇင့္ေပးသြားမည္ျဖစ္ၿပီး မည္သူမဆို လာေရာက္ၾကည့္ရႈႏိုင္ေၾကာင္း သိရသည္။

လိြဳင္ေကာ္ၿမိဳ႕ ယဥ္ေက်းမႈျပတိုက္တြင္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၁၄)ရက္ေန႔မွ (၁၆)ရက္ေန႔အထိ က်င္းပမည့္ ရိုးရာလက္မႈပညာေစ်းေရာင္းပြဲတြင္လည္း ပထမႏွင့္  ဒုတိယကမာၻစစ္ၾကားကာလတြင္ ျမန္မာျပည္၌ တာဝန္ထမ္းေဆာင္ခဲ့သည့္  ၿဗိတိန္စစ္မႈထမ္းေဟာင္း ၿဗိတိန္ဓါတ္ပံုဆရာ James Henry Green ၏ ၁၉၁၈ ခုႏွစ္မွ ၁၉၃၅ ခုႏွစ္ၾကား ျမန္မာႏုိင္ငံရိွ အလြန္ေဝးလံ ေခါင္ဖ်ားေဒသမ်ားရွိ တိုင္းရင္းသားမ်ားကို  ရုိက္ကူးခဲ့ေသာ ဓါတ္ပုံမ်ားကိုျပသထားမည္ျဖစ္ေၾကာင္း သိရသည္။

James Henry Green ၏ဓါတ္ပံုမ်ားမွာ အဂၤလန္ႏိုင္ငံ၊ Brighton ၿမိဳ႕ရွိ ျပတိုက္မ်ား၊စာၾကည့္တိုက္မ်ားႏွင့္ Royal Pavilion တို႔တြင္ တစ္မူထူးျခားေသာအျမင္ဆိုင္ရာ အႏုပညာက႑တစ္ခုအျဖစ္ ဗမာျပည္၏ ရွားပါးေသာ တိုင္းရင္းသားလူမ်ိဳးစုမ်ား ထိန္းသိမ္းေသာအခန္းတြင္ ျပသထားေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ပထမဆုံးအကြိမ် ကယားပြည်နယ် ဓာတ်ပုံပွဲတော်ကို Yangon Photo Festival နှင့် Myanmar Stories တို့က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့ ညနေ(၅)နာရီ၌ လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်ရှိ ခရစ္စတူးဘုရင်ဗဟိုဘုရားကျောင်းတွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါဓာတ်ပုံပွဲတော်တွင် ကယားပြည်နယ်ရှိ ဓာတ်ပုံဆရာများ၊ PhotoDoc Trainer များမှ သင်တန်းဆင်း သတင်းထောက်များ၊ ကျောင်းသားများနှင့် CSO အဖွဲ့များမှ မှတ်တမ်းဇာတ်လမ်းတိုများကို ပြသ သွားမည်ဖြစ်ပြီး ဆုရဓာတ်ပုံဆရာများကို Canon ကင်မရာများ အပါအဝင် အခြားဆုများကိုပါ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး မည်သူမဆို လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

လွိုင်ကော်မြို့ ယဉ်ကျေးမှုပြတိုက်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပမည့် ရိုးရာလက်မှုပညာဈေးရောင်းပွဲတွင်လည်း ပထမနှင့် ဒုတိယကမာ္ဘစစ်ကြားကာလတွင် မြန်မာပြည်၌ တာဝန်ထမ်းဆောင်ခဲ့သည့် ဗြိတိန်စစ်မှုထမ်းဟောင်း ဗြိတိန်ဓာတ်ပုံဆရာ James Henry Green၏ ၁၉၁၈ ခုနှစ်မှ ၁၉၃၅ ခုနှစ်ကြား မြန်မာနိုင်ငံရှိ အလွန်ဝေးလံ ခေါင်ဖျားဒေသများရှိ တိုင်းရင်းသားများကို ရိုက်ကူးခဲ့သော ဓာတ်ပုံများကိုပြသထားမည်ဖြစ်ကြောင်း သိရသည်။

James Henry Green၏ဓာတ်ပုံများမှာ အင်္ဂလန်နိုင်ငံ၊ Brighton မြို့ရှိ ပြတိုက်များ၊စာကြည့်တိုက်များနှင့် Royal Pavilion တို့တွင် တစ်မူထူးခြားသောအမြင်ဆိုင်ရာ အနုပညာကဏ္ဍတစ်ခုအဖြစ် ဗမာပြည်၏ ရှားပါးသော တိုင်းရင်းသားလူမျိုးစုများ ထိန်းသိမ်းသောအခန်းတွင် ပြသထားကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~