စစ်အာဏာသိမ်းတစ်နှစ်ပြည့်နေ့တွင် မိမိကိုယ်ကို မီးရှို့ဆန္ဒပြ

စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြသည့် အမျိုးသား ဒဏ်ရာအပြင်းအထန်ရရှိ
စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြသည့် အမျိုးသား ဒဏ်ရာအပြင်းအထန်ရရှိ
စစ်အာဏာသိမ်းတစ်နှစ်ပြည့်နေ့တွင် မိမိကိုယ်ကို မီးရှို့ဆန္ဒပြ
By Tachileik News Agency

စစ်အာဏာရှင်ခေတ် ပြန်မသွားလိုကြောင်း မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က အမျိုးသားတစ်ဦး မိမိကိုယ်ကို မီးရှို့၍ ဆန္ဒထုတ်ဖေါ်ခဲ့ရာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း သိရသည်။

"၂၄ နာရီလုံး အများပြည်သူ၊ ပြည်သားများ မီးလင်းပါစေ။ ၂၀၀၁-၂၀၀၂ ပြန်မသွား"ဟု ရေးသားထားသည့် စာရွက်တစ်ရွက်ကိုလည်း အဆိုပါဆန္ဒထုတ်ဖေါ်သူအနီးတွင် တွေ့ရပြီး မီးလောင်ဒဏ်ရာပြင်းထန်စွာရထားသည့် ဆန္ဒပြသူအား ဆေးရုံတင်ပို့ထားရကြောင်း သိရသည်။

အဆိုပါ အမျိုးသားမှာ သံပန်းလုပ်ငန်းလုပ်ကိုင်သည့် ကိုအောင်အောင်ဆိုသူဖြစ်ကြောင်း သိရပြီး မြို့နယ်လျှပ်စစ်ရုံးရှေ့တွင် မိမိကိုယ်မိမိ မီးရှို့ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်သည့်ကာလ တစ်နှစ်တာကာလအတွင်း ပြည်သူအများစးမှာ စီးပွားရေးချွတ်ခြုံကျသွားသည့်အပြင် ဉပဒေအကာအကွယ်မရတော့ဘဲ အသက်အိုးအိမ်လုံခြုံမှုအတွက် စိုးရိမ်မှုများဖြင့် ကြုံတွေ့နေကြရခြင်းဖြစ်သည်။