မန္တလေးသပိတ်အင်အားစုရဲ့ (၁၀၇)နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အလေးပြုခြင်း အခမ်းအနား

Photo: Poison - Spring Revolution
Photo: Poison - Spring Revolution
 မန္တလေးသပိတ်အင်အားစုရဲ့ (၁၀၇)နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အလေးပြုခြင်း အခမ်းအနား
ဖေဖော်ဝါရီ 13, 2022 | အခြားဒေသများ

မန္တလေးသပိတ်အင်အားစုက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာ၊ အမျိုးသားအာဇာနည်ခေါင်းဆောင်၊ တော်လှန်ရေးသမား၊ စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း​၏ (၁၀၇)နှစ်ပြည့် အောက်မေ့ဖွယ်မွေးနေ့ အလေးပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြသည်။

ယခု အခမ်းအနားသည် ယနေ့ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ပြုလုပ်ခြင်း မဟုတ်ဘဲ နေ့ထူးနေ့မြတ်ဆိုလျှင် စစ်ကောင်စီတပ် နှင့် ရဲတို့က ဖမ်းဆီးလေ့ရှိသည့်အတွက် ကြိုတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရပြီး အခမ်းအနားတွင် ပါဝင်သည့် ကိုသူရအောင်သည် ဖေဖော်ဝါရီလ(၉)ရက်နေ့က ဖမ်းဆီးခံထားရပြီး လက်ရှိတွင် စစ်ကြောရေး၌ ညှင်းပမ်းနှိပ်စက်ခံထားရသည်ဟု သိရသည်။

"ကိုသူရအောင် အဖမ်းဆီးမခံရခင် ရိုက်ကူးထားသော ဓါတ်ပုံ ဖြစ်ပါသည်။ နေ့ထူးနေ့မြတ် ဖြစ်သောကြောင့် အဖမ်းဆီး အစစ်ဆေးများ များပြားနိုင်သောကြောင့် ကျွန်တော်တို့ မန္တလေးသပိတ်အင်အားစုအဖွဲ့သားများမှ ကြိုတင်ရိုက်ကူးခဲ့ခြင်းဖြစ်ပါသည်။"ဟု မန္တလေးသပိတ်အင်အားစုက ဆိုသည်။

မန္တလေးသပိတ်အင်အားစုသည် စစ်အာဏာရှင်စနစ် ကျရှုံးရေးအတွက် မရ ရသည့်နည်းဖြင့် ဆန္ဒပြခြင်းဖြင့် တော်လှန်နေသည့် ပြည်သူ့အင်အားအဖွဲ့ဖြစ်သည်။

#TachileikNewsAgency

Photo: Poison - Spring Revolution