မြိုင်မြို့နယ် ပန်းတိုင်းတော(အနောက်)ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

မြိုင်မြို့နယ် ပန်းတိုင်းတော(အနောက်)ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

မကွေးတိုင်း မြိုင်မြို့နယ်တောင်ပိုင်းရှိ ပန်းတိုင်းတော(အနောက်)ကျေးရွာအား ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့ ညပိုင်းတွင် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ရွာအတွင်းရှိ စိတ်ကျန်းမာရေးမကောင်းသူ အရပ်သား အမျိုးသားတစ်ဦးကို ဖမ်းဆီးပစ်သတ်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်များ ပစ်သတ်ခဲ့ခြင်းကြောင့် ကိုနေအောင် အသက်(၃၇)နှစ်မှာ ဦးခေါင်းညာဘက်တွင် ဦးနှောက်များပွင့်ထွက် သေဆုံးခဲ့ရပြီး ကျေးရွာရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခု၏ ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးကိုလည်း မီးရှို့ဖျက်ဆီးသွားကာ လက်ရှိတွင် တွင်းမရွာ ပျူစောထီးစခန်းကို ဝင်ရောက်သွားသည်ဟု နွေဦးတော်လှန်ရေး-မြိုင်မြို့က သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : နွေဦးတော်လှန်ရေး - မြိုင်မြို့