ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို၏ တပ်ရင်း (G) က အထူးတိုက်ပွဲဝင် သင်တန်းဆင်း

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို၏ တပ်ရင်း (G) က အထူးတိုက်ပွဲဝင် သင်တန်းဆင်း
ဇန်နဝါရီ 22, 2022 | ကယား

ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (DMO -PDF) တပ်ရင်း (G) ၏ အထူးတိုက်ပွဲဝင် သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့က ပြုလုပ်ကြောင်း သတင်းထုတ်ပြန်လာသည်။

သင်တန်းဆင်းပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO-PDF) အလံတော်ကို အလေးပြုခြင်း၊ သစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် တိုက်ပွဲဝင်စစ်နည်းဗျူဟာများ သရုပ်ပြခြင်း ၊ ကိုယ်ခံပညာ သိုင်းကွက်များသရုပ်ပြခြင်း ၊ ရန်သူအငိုက်ဖမ်းကွက်များ သရုပ်ပြခြင်း စသည်တို့ကို သရုပ်ပြခဲ့ကြသည်။

အကြမ်းဖက်စစ်ကောင်စီကို  တော်လှန်နိုင်ရန် သင်တန်းများအောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း လိုအပ်ချက်များရှိနေ၍ ပြည်တွင်းပြည်ပမှ အလှူရှင်များလိုအပ်သည်ဟု ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency

Photo: Demoso People Defense Force - DMO PDF - Fundraising