ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာအုပ်စုအတွင်း အများပြည်သူ အသွားအလာအထူး သတိရှိကြရန် KNDF သတိပေး

ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာအုပ်စုအတွင်း အများပြည်သူ အသွားအလာအထူး သတိရှိကြရန် KNDF သတိပေး
ဧပြီ 6, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာအုပ်စုအတွင်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်ခြင်းများရှိနေ၍ အများပြည်သူအနေဖြင့် သတိထားသွားလာကြရန် KNDF က ၂၀၂၂ ခုနှစ် ဧပြီလ (၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖရူဆိုမြို့နယ်အတွင်း  ငွေတောင်ရွာသစ်ကို အာဏာသိမ်းတပ်က ဧပြီလ (၅)ရက်နေ့တွင် နေအိမ်များ မီးရှို့ဖျက်ဆီးပြီး ဆိုင်ကယ်နှင့်လူကိုပါ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရပြီး ဖမ်းခံရသူ၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးသဖြင့် တိုက်ပွဲဖြစ်နေရာများနှင့်အနီးဝန်းကျင်ကို သွားလာခြင်းအား အထူးသတိထား ရှောင်ကြဉ်ကြရန် KNDF က သတိပေးထားသည်။

ဖရူဆိုမြို့နယ်အတွင်း ကဒါးလားကျေးရွာအနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KA၊ KNDF ပူးပေါင်းအဖွဲ့တို့ ဧပြီလ (၃)ရက်နေ့က တိုက်ပွဲအတွင်း အာဏာသိမ်းတပ်ဘက်မှ (၆)ယောက်သေဆုံးပြီးနောက် ဧပြီလ (၅) ရက်နေ့တွင် အာဏာသိမ်းတပ်က ငွေတောင်ရွာသစ်မှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။