ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်း မြစ်ရေကြောင့် နေအိမ်ပြောင်းရွေ့ရမှု အခြေအနေ

ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်း မြစ်ရေကြောင့် နေအိမ်ပြောင်းရွေ့ရမှု အခြေအနေ
သြဂုတ် 25, 2020
By Tachileik News Agency
ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်း မြစ်ရေကြောင့် နေအိမ်ပြောင်းရွေ့ရမှု အခြေအနေ
ကယားပြည်နယ် ဖားဆောင်းမြို့နယ်မှာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့ကစပြီး သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်လာတဲ့အတွက် လူနေအိမ် (၁၅၀)အထက် ရွှေ့ပြောင်းနေရပြီး စိုက်ခင်းတွေလည်း နစ်မြုပ်ပျက်စီးမှုတွေ ဖြစ်နေပါတယ်။
အခုလို သံလွင်မြစ်ရေတက်မှုကို မိုးဇလဌာနက ကြိုတင်သတိပေးခဲ့တာကြောင့် အချိန်မီရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်
မြစ်ကမ်းဘေးနားနေ ပြည်သူတွေကို ရေတက်မယ့်သတင်းကြောင့် ညတွင်းချင်း နေရာတွေ ပြောင်းရွေ့ရာမှာ ပါဝင်ကူညီခဲ့သူ တစ်ဦးက အခုလို သူရဲ့ အတွေ့အကြုံကို ပြောပါတယ်။ 
အခုလို ဖြစ်စဉ်ကြောင့် လူအသေအပျောက်မရှိ အချိန်မီရွှေ့နိုင်ခဲ့ကြပေမဲ့ စိုက်ပျိုးရေးကို အမှီပြုနေတဲ့ဒေသခံတွေမှာ အခက်အခဲတွေကြုံနေရပါတယ်။
ရေဘေးသင့်တွေကို နေရေးထိုင်ရေးကအစ ပြန်လည်ထူထောင်ရေးကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ရေဘေးသင့်တွေနဲ့အတူ လုပ်ပေးမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောထားပါတယ်။
လက်ရှိအခြေအနေကနေ ရေဆက်တက်မယ်ဆိုရင်တော့ လမ်းကြောင်းတွေ ပိတ်သွားမယ့်အခြေအနေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~