ဒီးမော့ဆိုမြို့နယ်အတွင်း ဒေါငံခါးတွင် တိုက်ပွဲအတွင်း (၄)ရက်အကြာ ပျောက်ဆုံးနေသည့် PDF တပ်ဖွဲ့တစ်ဦးကို ပြင်းထန်ဒဏ်ရာများဖြင့် ပြန်တွေ့

Photo: ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်
Photo: ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်
 ဒီးမော့ဆိုမြို့နယ်အတွင်း ဒေါငံခါးတွင် တိုက်ပွဲအတွင်း (၄)ရက်အကြာ ပျောက်ဆုံးနေသည့် PDF တပ်ဖွဲ့တစ်ဦးကို ပြင်းထန်ဒဏ်ရာများဖြင့် ပြန်တွေ့
မေ 4, 2022 | ကယား

 ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊  ဒေါငံခါး ကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒီးမော့ဆို PDF တို့ ဧပြီလ(၃၀) ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပျောက်ဆုံးနေသည့် PDF ရဲဘော်တစ်ဦးကို ယနေ့ မေလ(၄)ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်လာသည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒီးမော့ဆို PDF တပ်ဖွဲ့ ဗျူဟာ (၃)မှ A ၊B၊ F၊ J တပ်ရင်းတပ်ခွဲ၊ အလယ်ပိုင်းတိုင်း(၁၁၀၂) ပူးပေါင်းတပ်ဖွဲ့ကြား ဧပြီလ(၃၀)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လူစုကွဲသွားသည့် တပ်ရင်း(A)တွင် တာဝန်ထမ်းဆောင်‌နေ‌သော ရဲဘော်မောင်ဇော်ဝင်းထွဋ်မှာ ပျောက်ဆုံးနေခြင်းဖြစ်သည်။

ပျောက်ဆုံးခဲ့သော ရဲဘော်မောင်ဇော်ဝင်းထွဋ်ကို ဗျုဟာ(၃)ရှိ A၊B၊F၊J တပ်ရင်းတပ်ခွဲအချို့မှ (၄)ရက်ကြာလိုက်လံရှာဖွေခဲ့ရာ ယနေ့ ည နေ(၅)နာရီတွင် ပြင်းထန်သောဒဏ်ရာဖြင့် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။

ရဲဘော်မောင်ဇော်ဝင်းထွဋ်သည် (၄)ရက်ကြာ အစာမစားရဘဲရှိ နေခဲ့ပြီး ၎င်း၏ သတ္တိ၊ စွဲ၊ လုံလ၊ ဝိရိရတိုကို ဒီမောဆို PDF တပ်ဖွဲ့အနေဖြင့်  ဝမ်းမြောက်စွာ ဂုဏ်ပြုကြောင်း နှင့် လက်ရှိတွင် ရဲဘော်မောင်ဇော်ဝင်းထွဋ်မှာ ဘေးကင်းရာသို့ရောက်ရှိ နေပြီဖြစ်ပြီး ဆေးကုသပေးနေကြောင်း သိရသည်။