တန့်ဆည်မြို့တွင် ရွှေဒေါင်းမင်းဆီဆိုင် မီးလောင်မှုဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွား

မီးလောင်မှုဖြစ်ပွားသည့် ရွှေဒေါင်းမင်း စက်သုံးဆီဆိုင်
မီးလောင်မှုဖြစ်ပွားသည့် ရွှေဒေါင်းမင်း စက်သုံးဆီဆိုင်
တန့်ဆည်မြို့တွင် ရွှေဒေါင်းမင်းဆီဆိုင် မီးလောင်မှုဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွား
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ လမ်းဆုံရှိ ရွှေဒေါင်းမင်းစက်သုံးဆီဆိုင်တွင် ယနေ့ ၂၀၂၂ ခုနှစ် နေ့လယ် (၁)နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားကာ ပစ်ခတ်သံများကြားရပြီးနောက် မြို့တွင်း စစ်ဆေးမှုများလုပ်နေကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည်နှင့် အာဏာသိမ်းအဖွဲ့စစ်တပ်က ချက်ချင်းရောက်လာကာ ပစ်ခတ်မှုများပြုလုပ်သည်ဟု သိရပြီးမီးလောင်မှုကို မီးသတ်ကား (၂) စီးဖြင့်ငြှိမ်းသတ်ထားကြောင်း သိရသည်။

မီးလောင်ရသည့်အကြောင်းရင်းနှင့် ပစ်ခတ်မှုများအတွင်း ထိခိုက်မှု၊ သေဆုံးမှုရှိ၊ မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

အဆိုပါပစ်ခတ်မှုအပြီးတွင် မြို့တွင်းနေရာအနှံ့အပြား လမ်းကြိုလမ်းကြားများ၌ အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲ ကင်းပုန်းများရှိနေ၍ အများပြည်သူအနေဖြင့် အရေးကြီးကိစ္စမရှိပါက သွားလာခြင်းမပြုကြရန် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်ကိုလည်း တွေ့ရသည်။

တန့်ဆည်မြို့တွင် ယမန်နေ့ ဇန်နဝါရီလ (၁၈) ရက်နေ့ကလည်း စီးပွားရေးဘဏ်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အဆိုပါပေါက်ကွဲမှုကိုမူ တန့်ဆည်ဖီးနစ်(Phoenix Defence Force - Taze)က ၎င်းတို့ပြုလုပ်သည်ဟု သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။