ပုလဲမြို့နယ်တွင်း ပျူစောထီးများအား စစ်သင်တန်းပေးနေသည့်နေရာကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင်တိုက် ၍ စစ်တပ်/ပျူ အဖွဲ့က (၅)ဦး သေ

Photo: Aung San Force-MPDF
Photo: Aung San Force-MPDF
ပုလဲမြို့နယ်တွင်း ပျူစောထီးများအား စစ်သင်တန်းပေးနေသည့်နေရာကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင်တိုက် ၍ စစ်တပ်/ပျူ အဖွဲ့က (၅)ဦး သေ
ဇန်နဝါရီ 23, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာတွင် ပျူစောထီးများအား စစ်သင်တန်းပေးနေသည့်နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၃)ရက်၊ နံနက်ပိုင်းက ဝင်ရောက်ပစ်ခတ်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား (၂)ဦးနှင့် ပျူစောထီး(၃)ဦးသေကြောင်း Aung San Force-MPDF က သတင်း ထုတ်ပြန်လာသည်။ 

အောင်ဆန်းတပ်ဖွဲ့နှင့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ မဟာမိတ်တပ်ပေါင်းစုက ပြောက်ကျားနည်းဖြင့် ချည်းကပ် ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး (၁၅)မိနစ်ဝန်းကျင်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မဟာမိတ်တပ်ပေါင်းစုမှာ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား(၂)ဦး နှင့်  ပျူစောထီး (၃)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိသွားသည်ကို တွေ့ရကြောင်း သိရသည်။ 

ရှမ်းပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသများတွင် စစ်တပ်လက်အောက်ခံများကို ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းထားပြီး ယခုအခါ အာဏသိမ်းကာလတွင် အခြားတိုင်းဒေသများ၌ ပြည်သူ့စစ်တဖြစ်လဲ ပျူစောထီးအဖွဲ့ကို ဖွဲ့စည်းပြီး စစ်တပ်က သင်တန်းပေးနေခြင်း ဖြစ်သည်ဟု သိရသည်။