လွိုင်ကော်တက္ကသိုလ် ပါချုပ်အပါ ၅ ဦးနှင့် မိသားစုဝင်များကို မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲ၊ ကျန်ရှိဝန်ထမ်းများနှင့် မိသားစုဝင်များကို ပြည်နှင်ဒဏ်ပေးကာ ပြန်လွှတ်

လွိုင်ကော်တက္ကသိုလ် ပါချုပ်အပါ ၅ ဦးနှင့် မိသားစုဝင်များကို မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲ၊ ကျန်ရှိဝန်ထမ်းများနှင့် မိသားစုဝင်များကို ပြည်နှင်ဒဏ်ပေးကာ ပြန်လွှတ်
နိုဝင်ဘာ 29, 2023 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် (၅)ဦးနှင့် မိသားစုဝင်များကို မတရားအသင်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အဓိကတာဝန်ရှိသူများအဖြစ် ကရင်နီပြည်ရဲဌာနက တရားလိုပြုလုပ်အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။

၎င်းတို့ကို သက်ဆိုင်ရာတရားစီရင်ရေးဌာနသို့ လွှဲပြောင်းပြီး ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကာ စစ်ကောင်စီတပ်နှင့် တိုက်ရိုက်ပတ်သက်သည့် တပ်မိသားစုဝင်(၃)ဦးကိုလည်း သက်ဆိုင်ရာ စစ်ဖက်ဆိုင်ရာ အက်ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရေးကိစ္စများအား ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ စစ်ခုံရုံးသို့ လွှဲပြောင်း အရေးယူသွားမည်ဟု သိရသည်။

ကျန်ရှိ Non CDM ဆရာ၊ ဆရာမနှင့် မိသားစုဝင်(၁၉၃)ဦးကို အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားမှန်သမျှတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန်၊ ကျောင်း၊ ရုံးနှင့်လည်း အဆက်အသွယ်မပြုလုပ်ရန်၊ ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူလူထုနှင့် တသားတည်းရပ်တည်သွားရန် ကတိခံဝန်ချက် လက်မှတ်ရေးထိုးစေပြီး နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီထံမှ သိရသည်။

အဆိုပါ Non CDM ဆရာ၊ ဆရာမနှင့် မိသားစုဝင်(၁၉၃)ဦးကို ပထမအကြိမ်တွင် အမှုထမ်း(၇၀)ဦးနှင့် မိသားစုဝင်(၂၇)ဦး၊ ဒုတိယအကြိမ်တွင် အမှုထမ်း(၅၉)ဦးနှင့် မိသားစုဝင်(၂၇)ဦးတို့ကို လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Karenni State Interim Executive Council-IEC