ဖယ်ခုံတွင် စစ်ကောင်စီတပ်နှင့် တစ်လခွဲဝန်းကျင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှ လက်နက်ခဲယမ်းများ ရရှိ

ဖယ်ခုံတွင် စစ်ကောင်စီတပ်နှင့် တစ်လခွဲဝန်းကျင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှ လက်နက်ခဲယမ်းများ ရရှိ
ဇူလိုင် 14, 2023 | 2021 Military Coup| ကယား

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ ခေါင်းအိနှင့် စက်တော်တို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ၂၀၂၃ခုနှစ် ဇွန်လမှ ယနေ့ ဇူလိုင်လ (၁၄)ရက်နေ့အထိ တိုက်ပွဲပေါင်း (၁၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Karenni Revolution Union-KRUထံမှ သိရသည်။

အဆိုပါစစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်းတွင် စစ်ကောင်စီတပ်ဘက်မှ (၁၉)ဦးသေကာ တော်လှန်ရေးတပ်များဘက်က ရဲဘော် (၃)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

တိုက်ပွဲတိုင်းတွင် ဖယ်ခုံရှိ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူပေးခဲ့ပြီး စစ်ကောင်စီဘက်က ပျူးစောထီးများ၊ ခလရ-၂၄၈ တပ်ရင်းတပ်ဖွဲ့များ ပါဝင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်းတွင် စစ်ကောင်စီထံမှ MG 3ငါးကြင်းမြှီးတစ်လက်၊ MA 3 တစ်လက်၊ တင့်ဖျက်မိုင်းနှင့် ကျည်ခဲယမ်းများရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို PKPDF၊ KRU၊ SSDF(ရှမ်းတောင် ဒရုန်းတပ်ဖွဲ့)၊ LKPDFနှင့် ရှမ်းတောင် တပ်ပေါင်းစုအဖွဲ့ (1003, 1005, 1008, 1009 - IPDF, SSLRU, NPT(ပ က ဖ))တို့ ပါဝင်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : PDF Pekhon