အာဏာသိမ်းစစ်တပ်က စစ်ရှောင်များကို အကာအကွယ်ယူပြီး အင်အားဖြည့်နေ၍ ပြည်နယ်တွင်းမှ ဝင်/ထွက် လမ်းများတွင် ညနေ (၆) နာရီမှ နံနက် (၆)နာရီအတွင်း ပြည်သူများ သွားလာခြင်းမပြုရန် KNDF ကန့်သတ်

အာဏာသိမ်းစစ်တပ်က စစ်ရှောင်များကို အကာအကွယ်ယူပြီး အင်အားဖြည့်နေ၍ ပြည်နယ်တွင်းမှ ဝင်/ထွက် လမ်းများတွင် ညနေ (၆) နာရီမှ နံနက် (၆)နာရီအတွင်း ပြည်သူများ သွားလာခြင်းမပြုရန် KNDF ကန့်သတ်
ဇန်နဝါရီ 11, 2022 | ကယား

ကရင်နီ (ကယား)ပြည်နယ် လွိုင်ကော်မြို့နယ်မှ  ပြည်နယ်ပြင်ပသို့ စစ်ရှောင်များထွက်ရာလမ်းတလျှောက်တွင် စစ်ဘေးရှောင်များအား အကာအကွယ်ယူ၍ အာဏာသိမ်းစစ်ကောင်စီတပ်များ အင်အားဖြည့်နေ၍ ညနေ (၆)နာရီမှ နံနက် (၆)နာရီအတွင်း သွားလာခြင်းမပြုကြရန် KNDF က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင်  ပြည်သူများကို အသိပေးထုတ်ပြန်ထားသည်။

လွိုင်ကော်မြို့နယ်အတွင်း လွိုင်ကော် - ဆီဆိုင်လမ်းမကြီးနှင့် လွိုင်ကော် - ပင်လောင်းလမ်းမကြီးများအတိုင်း အာဏာသိမ်းစစ်တပ်က အသွားအလာလုပ်နေ၍ အများပြည်သူအနေဖြင့် ကန့်သတ်ချိန်အတွင်း အရေးပေါ်ဖြတ်သန်းရန်ရှိပါက KNDF ထံ အသိပေးကြရန် သတိပေးချက်ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်သည် လွိုင်ကော်အပါအဝင် ကရင်နီပြည်နယ်အတွင်း လေကြောင်းဖြင့်ပါ တိုက်ခိုက်နေ၍ ဒေသခံများ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။

#TachileikNewsAgency