လွိုင်ကော်ကို စစ်ကူပို့ရန် မယ်စဲ့မှ ဖားဆောင်းမြို့နယ်ဖက်သို့ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်များအား ကရင်နီပူးပေါင်းတပ်များ တိုက်ခိုက်

လွိုင်ကော်ကို စစ်ကူပို့ရန် မယ်စဲ့မှ ဖားဆောင်းမြို့နယ်ဖက်သို့ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်များအား ကရင်နီပူးပေါင်းတပ်များ တိုက်ခိုက်
နိုဝင်ဘာ 29, 2023 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်မှ ဖားဆောင်းမြို့နယ်ဖက်သို့ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KnICက ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မယ်စဲ့မြို့နယ်မှ ဖားဆောင်းမြို့နယ်ဘက်သို့ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်မ(၅၅)၊ တပ်မ(၆၆)တပ်များ ဖာဆောင်းမြို့နယ်ဖက်သို့ဆုတ်ခွာချိန်တွင် ကရင်နီပူးပေါင်းတပ်များမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့မှ နိုဝင်ဘာလ (၂၇)ရက်နေ့အထိ လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂၀)ဦး သေဆုံးခဲ့ပြီး တစ်ဦးကို အရှင်ဖမ်းမိထားကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့သိမ်းတိုက်ပွဲသို့ စစ်ကူပို့ရန် ပြန်လည်ဆုတ်ခွာနေခြင်းဖြစ်ပြီး KA၊ KNPLF၊ KNDF၊ PDF ကရင်နီပူးပေါင်းတပ်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo : KnIC