တောင်ကြီးမြို့၏ အထင်ကရဖြစ်သည့် မြင်းစီးရုပ်တု ဖျက်ဆီးခံရ၍ အမှုဖွင့်ထား

တောင်ကြီးမြို့၏ အထင်ကရဖြစ်သည့် မြင်းစီးရုပ်တု ဖျက်ဆီးခံရ၍ အမှုဖွင့်ထား
မတျ 26, 2019
By Tachileik News Agency




Tachileik News Agency
ဓါတ်ပုံ - စည်ပင်



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အထိမ်းအမှတ်ရုပ်တုဖြစ်သည့် မြင်းစီးရုပ်တုကို ဖျက်ဆီးခံထားရသဖြင့် ရဲစခန်းတွင် အမှုဖွင့် စုံစမ်းနေကြောင်း သိရသည်။

အဆိုပါ မြင်းစီးရုပ်တုမှ မြင်းရုပ်၏ခြေထောက်၊ နားရွက်နှင့် အမြှီးတို့ကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဖျက်ဆီးသွားသူများကို သိရှိပါက သတင်းပေးကြရန် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီက အသိပေးထားသည်။

တောင်ကြီးမြို့တွင် အများပြည်သူအသုံးပြုရာနေရာများတွင် မြို့သာယာရေးအတွက် လုပ်ဆောင်နေသည့်အရာများ မကြာခဏဖျက်ဆီးခံရမှုများဖြစ်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - စည်ပင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net