၂၀၁၈ ခုႏွစ္ ေတာင္ႀကီးတန္ေဆာင္တိုင္မီးပံုးပ်ံပြဲေတာ္မွ ဆုရမီးပံုးပ်ံ (၅၉)လံုးကို ဆုေၾကးေငြက်ပ္ (၇၇၉.၃)သိန္း ခ်ီးျမႇင့္

၂၀၁၈ ခုႏွစ္ ေတာင္ႀကီးတန္ေဆာင္တိုင္မီးပံုးပ်ံပြဲေတာ္မွ ဆုရမီးပံုးပ်ံ (၅၉)လံုးကို ဆုေၾကးေငြက်ပ္ (၇၇၉.၃)သိန္း ခ်ီးျမႇင့္
နိုဝင်ဘာ 23, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ အေဝရာမီးပံုးပ်ံကြင္းတြင္ ၂၀၁၈ ေတာင္ႀကီး တန္ေဆာင္တိုင္ မီးပံုးပ်ံပြဲမွ ဆုရမီးပံုးပ်ံ (၅၉)ဖြဲ႕အတြက္ ဆုေၾကးေငြ က်ပ္(၇၇၉.၃)သိန္းကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၃)ရက္ေန႔ ညေန(၅)နာရီ၌ ဆုေပးပြဲႏွင့္ တန္ေဆာင္တိုင္ပိတ္ပြဲ အခမ္းအနားျဖင့္ ဆုခ်ီးျမႇင့္ေပးေၾကာင္း သိရသည္။

“ညမီးႀကီး ပထမဆုက က်ပ္သိန္း(၇၀)၊ စိန္နားပန္ပထမဆုက သိန္း(၃၀)၊ က်န္တဲ့ ေန႔လႊတ္အရုပ္ေတြကေတာ့ (၆)သိန္းေတြရိွတယ္။ (၅)သိန္းေတြရိွတယ္။ ညမီးႀကီးက အရင္ႏွစ္က (၆၅)သိန္း၊ စိန္နားပန္က မႏွစ္က (၂၇)သိန္း၊ ဒီႏွစ္ေတာ့ သိန္း(၃၀)အထိ ထပ္တိုးေပးထားပါတယ္”ဟု မီးပံုးပ်ံပြဲေတာ္က်င္းပေရးဦးစီးေကာ္မတီ ဥကၠဌ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တန္ေဆာင္တိုင္မီးပံုးပ်ံၿပိဳင္ပြဲတြင္ ၿပိဳင္ပြဲဝင္ေခါင္းစဥ္ (၅)ခုမွ မီးပံုးပ်ံ (၅၉)လံုးကို ဆုေရြးခ်ယ္ ခ်ီးျမႇင့္ေပးခဲ့ျခင္းျဖစ္ၿပီး စိန္နားပန္ ပထမဆုအျဖစ္ ေနၾကာေစ့မီး၊ ညမီးႀကီး ပထမအျဖစ္ လူခန္႔မီး၊ ေန႔လႊတ္အရုပ္ ေျခေလးေခ်ာင္းပထမဆုအျဖစ္ လူရုိင္းမီး၊ ေန႔လႊတ္အရုပ္ေျခႏွစ္ေခ်ာင္း ပထမအျဖစ္ ပလုပ္တုတ္မီး၊ ေန႔လႊတ္အရုပ္အုပ္စု ပထမအျဖစ္ ဖိုးသားမီးတို႔ အသီးသီးေရြးခ်ယ္ခံရျခင္းျဖစ္သည္။

စိန္နားပန္ၿပိဳင္ပြဲတြင္ ပထမဆုအား ေနၾကာေစ့မီး၊ ဒုတိယဆုအား ေရာင္စုံမီး၊ တတိယဆုအား မီးအိမ္လူငယ္မီး၊ စတုတၱဆုအား ဒိန္ခ်ဥ္မီး၊ ပဥၥမဆုအား ေျမာက္ပိုင္းမီးႏွင့္ ဂုဏ္ျပဳဆုမ်ားအျဖစ္ ဇြဲလူငယ္မီး၊ နယူးထူးျခားမီး၊ ေမာ့ၾကည့္မီး၊ ေမတၱာမီးႏွင့္ ေရႊဓႏုမီးတို႔ကိုလည္းေကာင္း၊ ညမီးႀကီးၿပိဳင္ပြဲတြင္ ပထမဆု လူခန္႔မီး၊ ဒုတိယဆု လူပဲ့-ေရႊေကာင္းစံ၊ တတိယဆု ၾကယ္ေျပာင္မီး၊ စတုတၱဆု ပြဲစားအို၊ ပဥၥမ ေရႊၿမိဳ႕ေတာ္မီး၊ ဂုဏ္ျပဳဆုမ်ားအျဖစ္ ကေမၻာဇအာမခံ IKBZ၊ တိမ္ေျပာင္မီး၊ အနာဂါတ္အလင္းတန္း BFM၊ ၾသခမီးႏွင့္ လေရာင္မီးတို႔ ရရွိသည္။

ေန႔လႊတ္အရုပ္ ေျခေလးေခ်ာင္းၿပိဳင္ပြဲတြင္ ပထမဆုအား လူရုိင္းမီး၏ ပရြတ္ဆိတ္စားဝက္၊ ဒုတိယဆု မဂၤလာမီး၏ ယုန္၊ တတိယဆုအား မဂၤလာမီး၏ ဝက္၊ စတုတၱဆုအား ပြဲေပ်ာ္မီး၏ ႏြားလားဥႆဘ၊ ပဥၥမဆုအား လက္ပံမီး၏ ရွဥ့္ၾကြက္၊ ဂုဏ္ျပဳဆုမ်ားအျဖစ္ ဒိုးေလးမီး၏ သစ္ကုလားအုပ္၊ ေတာ္ဝင္ဒါန၏ ဆင္ျဖဴ၊ ေဝဒဂၤမီး၏ မ်ိဳးသုဥ္းက်ားသစ္၊ ရြာလည္မီး၏ ႀကံ႕၊ စြမ္းအားမီး၏ ပန္ဒါ၊ ရွယ္ေခ်ာမီး၏ ဆင္၊ ၿဖိဳးၿဖိဳးမီး၏ ဝက္သိုး၊ ေအာင္ျမင္မီး၏ ဆင္ႏွင့္ ဝက္ဝံျဖဴ၊ မီးမီးေလး၏ဆင္တို႔ကိုလည္းေကာင္း၊ ေန႔လႊတ္အရုပ္ေျခႏွစ္ေခ်ာင္းတြင္ ပထမဆု ပလုပ္တုတ္မီး၏ ၾကက္ဆင္၊ ဒုတိယ ရုံးေပ်ာ္မီး၏ ဇာမဏီ၊ တတိယ ဒါနမီး၏ ဇီးကြက္၊ စတုတၱ တာတီးမီး၏ပ်ံလႊား၊ ပဥၥမ မီးအိမ္၏ ဘဲေပါက္၊ ဂုဏ္ျပဳဆုမ်ားအျဖစ္ ဟစ္တလူးမီး၏ ၾကက္တူေရြး၊ မိုးမင္းမီး၏ ၾကက္တူေရြး၊ တီးတံုမီး၏ သစ္ေတာက္ငွက္၊ လူကပ္မီး၏ ၾကက္တူေရြး၊ ၿမိဳ႕ျပမီး၏ ငွက္ဘီလူး၊ ႏွင္းေတာင္မီး၏ ၾကက္တူေရြး၊ ဓူဝံမီး၏ ဒီးဒုတ္၊ ၿငိမ့္ၿငိမ့္ေလးမီး၏ ေအာက္ခ်င္း၊ ေသြးသစ္မီး၏ ငွက္မင္းသားႏွင့္ ထ(၈)မီး၏ ၿငိမ္းခိုတို႔ ရရွိသည္။

ေန႔လႊတ္အရုပ္အုပ္စုတြင္ ပထမဆု ဖိုးသားမီး၏ ေမ်ာက္ဝံသံုးေကာင္၊ ဒုတိယ ခ်န္ကူးမီး၏ ဝက္သံုးေကာင္၊ တတိယ ဇင္ေယာ္မီး၏ ဇင္ေယာ္သံုးေကာင္၊ စတုတၱ မိုးမင္းမီး၏ ၾကက္တူေရြးသံုးေကာင္၊ ပဥၥမ အိမ္ရွင္မီး၏ ဘဲေပါက္သံုးေကာင္ႏွင့္ ဂုဏ္ျပဳဆုမ်ားအျဖစ္ ေရႊကူးမီး၏ ဆင္သံုးေကာင္၊ ေမာ္ကြန္းမီး၏ ေရႊသမင္ သံုးေကာင္၊ ဖိုးထက္မီး၏ ဘဲေခါင္းစိမ္းသံုးေကာင္ႏွင့္ အုန္းဂၽြမ္းမီး၏ ဖားသံုးေကာင္တို႔ရရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၁၄)မွစ၍ (၂၂)ရက္ေန႔အထိ ၿပိဳင္ပြဲမ်ားက်င္းပခဲ့ၿပီးေနာက္ နိုဝင္ဘာလ(၂၃)ရက္ေန႔တြင္ ဆုေပးပြဲႏွင့္ တန္ေဆာင္တုိင္မီးပုံုးပ်ံပိတ္ပြဲတုိ႔ကို က်င္းပျခင္းျဖစ္သည္။

Tachileik News Agency

 


~~~~~~~~⊰

❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ၂၀၁၈ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲမှ ဆုရမီးပုံးပျံ (၅၉)ဖွဲ့အတွက် ဆုကြေးငွေ ကျပ်(၇၇၉.၃)သိန်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၃)ရက်နေ့ ညနေ(၅)နာရီ၌ ဆုပေးပွဲနှင့် တန်ဆောင်တိုင်ပိတ်ပွဲ အခမ်းအနားဖြင့် ဆုချီးမြှင့်ပေးကြောင်း သိရသည်။

“ညမီးကြီး ပထမဆုက ကျပ်သိန်း(၇၀)၊ စိန်နားပန်ပထမဆုက သိန်း(၃၀)၊ ကျန်တဲ့ နေ့လွှတ်အရုပ်တွေကတော့ (၆)သိန်းတွေရှိတယ်။ (၅)သိန်းတွေရှိတယ်။ ညမီးကြီးက အရင်နှစ်က (၆၅)သိန်း၊ စိန်နားပန်က မနှစ်က (၂၇)သိန်း၊ ဒီနှစ်တော့ သိန်း(၃၀)အထိ ထပ်တိုးပေးထားပါတယ်”ဟု မီးပုံးပျံပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ခေါင်းစဉ် (၅)ခုမှ မီးပုံးပျံ (၅၉)လုံးကို ဆုရွေးချယ် ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး စိန်နားပန် ပထမဆုအဖြစ် နကြောစေ့မီး၊ ညမီးကြီး ပထမအဖြစ် လူခန့်မီး၊ နေ့လွှတ်အရုပ် ခြေလေးချောင်းပထမဆုအဖြစ် လူရိုင်းမီး၊ နေ့လွှတ်အရုပ်ခြေနှစ်ချောင်း ပထမအဖြစ် ပလုပ်တုတ်မီး၊ နေ့လွှတ်အရုပ်အုပ်စု ပထမအဖြစ် ဖိုးသားမီးတို့ အသီးသီးရွေးချယ်ခံရခြင်းဖြစ်သည်။

စိန်နားပန်ပြိုင်ပွဲတွင် ပထမဆုအား နကြောစေ့မီး၊ ဒုတိယဆုအား ရောင်စုံမီး၊ တတိယဆုအား မီးအိမ်လူငယ်မီး၊ စတုတ္တဆုအား ဒိန်ချဉ်မီး၊ ပဉ္စမဆုအား မြောက်ပိုင်းမီးနှင့် ဂုဏ်ပြုဆုများအဖြစ် ဇွဲလူငယ်မီး၊ နယူးထူးခြားမီး၊ မော့ကြည့်မီး၊ မေတ္တာမီးနှင့် ရွှေဓနုမီးတို့ကိုလည်းကောင်း၊ ညမီးကြီးပြိုင်ပွဲတွင် ပထမဆု လူခန့်မီး၊ ဒုတိယဆု လူပဲ့-ရွှေကောင်းစံ၊ တတိယဆု ကြယ်ပြောင်မီး၊ စတုတ္တဆု ပွဲစားအို၊ ပဉ္စမ ရွှမြေို့တော်မီး၊ ဂုဏ်ပြုဆုများအဖြစ် ကမ္ဘောဇအာမခံ IKBZ၊ တိမ်ပြောင်မီး၊ အနာဂါတ်အလင်းတန်း BFM၊ သြခမီးနှင့် လရောင်မီးတို့ ရရှိသည်။

နေ့လွှတ်အရုပ် ခြေလေးချောင်းပြိုင်ပွဲတွင် ပထမဆုအား လူရိုင်းမီး၏ ပရွတ်ဆိတ်စားဝက်၊ ဒုတိယဆု မင်္ဂလာမီး၏ ယုန်၊ တတိယဆုအား မင်္ဂလာမီး၏ ဝက်၊ စတုတ္တဆုအား ပွဲပျော်မီး၏ နွားလားဥဿဘ၊ ပဉ္စမဆုအား လက်ပံမီး၏ ရှဉ့်ကြွက်၊ ဂုဏ်ပြုဆုများအဖြစ် ဒိုးလေးမီး၏ သစ်ကုလားအုပ်၊ တော်ဝင်ဒါန၏ ဆင်ဖြူ၊ ဝေဒင်္ဂမီး၏ မျိုးသုဉ်းကျားသစ်၊ ရွာလည်မီး၏ ကြံ့၊ စွမ်းအားမီး၏ ပန်ဒါ၊ ရှယ်ချောမီး၏ ဆင်၊ ဖြိုးဖြိုးမီး၏ ဝက်သိုး၊ အောင်မြင်မီး၏ ဆင်နှင့် ဝက်ဝံဖြူ၊ မီးမီးလေး၏ဆင်တို့ကိုလည်းကောင်း၊ နေ့လွှတ်အရုပ်ခြေနှစ်ချောင်းတွင် ပထမဆု ပလုပ်တုတ်မီး၏ ကြက်ဆင်၊ ဒုတိယ ရုံးပျော်မီး၏ ဇာမဏီ၊ တတိယ ဒါနမီး၏ ဇီးကွက်၊ စတုတ္တ တာတီးမီး၏ပျံလွှား၊ ပဉ္စမ မီးအိမ်၏ ဘဲပေါက်၊ ဂုဏ်ပြုဆုများအဖြစ် ဟစ်တလူးမီး၏ ကြက်တူရွေး၊ မိုးမင်းမီး၏ ကြက်တူရွေး၊ တီးတုံမီး၏ သစ်တောက်ငှက်၊ လူကပ်မီး၏ ကြက်တူရွေး၊ မြို့ပြမီး၏ ငှက်ဘီလူး၊ နှင်းတောင်မီး၏ ကြက်တူရွေး၊ ဓူဝံမီး၏ ဒီးဒုတ်၊ ငြိမ့်ငြိမ့်လေးမီး၏ အောက်ချင်း၊ သွေးသစ်မီး၏ ငှက်မင်းသားနှင့် ထ(၈)မီး၏ ငြိမ်းခိုတို့ ရရှိသည်။

နေ့လွှတ်အရုပ်အုပ်စုတွင် ပထမဆု ဖိုးသားမီး၏ မျောက်ဝံသုံးကောင်၊ ဒုတိယ ချန်ကူးမီး၏ ဝက်သုံးကောင်၊ တတိယ ဇင်ယော်မီး၏ ဇင်ယော်သုံးကောင်၊ စတုတ္တ မိုးမင်းမီး၏ ကြက်တူရွေးသုံးကောင်၊ ပဉ္စမ အိမ်ရှင်မီး၏ ဘဲပေါက်သုံးကောင်နှင့် ဂုဏ်ပြုဆုများအဖြစ် ရွှေကူးမီး၏ ဆင်သုံးကောင်၊ မော်ကွန်းမီး၏ ရွှေသမင် သုံးကောင်၊ ဖိုးထက်မီး၏ ဘဲခေါင်းစိမ်းသုံးကောင်နှင့် အုန်းဂျွမ်းမီး၏ ဖားသုံးကောင်တို့ရရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၄)မှစ၍ (၂၂)ရက်နေ့အထိ ပြိုင်ပွဲများကျင်းပခဲ့ပြီးနောက် နိုဝင်ဘာလ(၂၃)ရက်နေ့တွင် ဆုပေးပွဲနှင့် တန်ဆောင်တိုင်မီးပုံးပျံပိတ်ပွဲတို့ကို ကျင်းပခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~