ကယားပြည်နယ် လွိုင်ကော်မြို့ရှိ နမ့်ကွတ်ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးရန်စောင့်ဆိုင်းနေသည့် လူငယ်တစ်ဦး မူးလဲ

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ နမ့်ကွတ်ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးရန်စောင့်ဆိုင်းနေသည့် လူငယ်တစ်ဦး မူးလဲ
နိုဝင်ဘာ 8, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့ရှိ နမ့်ကွတ်ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးရန်စောင့်ဆိုင်းနေသည့် လူငယ်တစ်ဦး မူးလဲ
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊  နမ့်ကွတ်ရပ်ကွက်ရှိ အထကခွဲကျောင်း မဲရုံအမှတ် (၁) တွင် မဲပေးရန် စောင့်ဆိုင်းနေသည့် လူငယ်တစ်ဦးမှာ အတက်ရောဂါရှိသဖြင့် မူးလဲသွားရာ မဲရုံတာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး အိမ်ပြန်ပို့ပေးထားသည်။
ကျောင်းဝန်းအတွင်း မဲရုံတွင်မဲပေးရန် စောင့်ဆိုင်းနေစဉ် နေအပူချိန်ကြောင့် မူးလဲခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလူငယ်အား မဲရုံရှိကျန်းမာရေးဝန်ထမ်းမှလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရပြီး လူထိခိုက်မှုမရှိဘဲ ၎င်း၏နေအိမ်တွင် ပြန်လည်အနားယူရန် ပြန်လည်ပို့ဆောင်ပေးပြီး မဲပေးခွင့်မဆုံးရှုံးစေရန် စီစဉ်ပေးသွားမယ်ဟု လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူးကပြောသည်။ 
လွိုင်ကော်မြို့နယ် ၊ နမ့်ကွတ်ရပ်ကွက်ရှိ မဲရုံအမှတ် (၁) တွင် မဲပေးခွင့်ရှိသူ (၁၉၀၄ )ဦးရှိပြီး မဲရုံအတွင် (၆)ပေခြား၍ တစ်ဦးချင်း ဝင်ရောက်မဲပေးခွင့်ပြုထားပြီး မဲပေးသူများ စောင့်ဆိုင်းရန် နေရာများလည်း ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ထားရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~