မြန်မာနိုင်ငံအတွင်း အိုမီခရွန် ကူးစက်ခံရသူ (၁၂)ဦး ထပ်တိုး 

မြန်မာနိုင်ငံအတွင်း အိုမီခရွန် ကူးစက်ခံရသူ (၁၂)ဦး ထပ်တိုး 
ဇန်နဝါရီ 7, 2022 | Covid-19

 ပြည်ပမှဝင်လာသည့် မြန်မာ (၁၁)ဦးနှင့် နိုင်ငံခြားသား (၁) ဦးတွင် အိုမီခရွန်တွေ့ရကြောင်း အာဏာသိမ်းအဖွဲ့၏ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့တွင် ထုတ်ပြန်သည်။

အိုမီခရွန်တွေ့ရသူများမှာ ယူအေအီးမှ ပြန်လာသူ (၈)ဦး၊ မလေးရှားမှ ပြန်လာသူ (၃)ဦးနှင့် အိန္ဒိယမှ ပြန်လာသူ (၁)ဦးတို့ဖြစ်သည်ဟု သိရပြီး ၎င်းတို့နှင့်အတူ လိုက်ပါလာသည့်ခရီးသည်များကိုလည်း အသွားအလာကန့်သတ်၍ ထပ်မံစစ်ဆေးမည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့ကလည်း ယူအေအီးနိုင်ငံမှ ပြန်လာသည့် မြန်မာ (၄) ဦးတွင် အိုမီခရွန်ကူးစက်နေသည်ကို တွေ့ရကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။