ကျောက်မဲနှင့် သီပေါကြားတွင် တိုက်ပွဲဖြစ်ပွား၍ အနီးဝန်းကျင်ဒေသခံများ တိုက်ပွဲရှောင်နေ

ကျောက်မဲနှင့် သီပေါကြားတွင် တိုက်ပွဲဖြစ်ပွား၍ အနီးဝန်းကျင်ဒေသခံများ တိုက်ပွဲရှောင်နေ
ဇန်နဝါရီ 7, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲနှင့် သီပေါမြို့နယ်နှစ်ခုကြားတွင် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့ ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေ၍ အနီးဝန်းကျင်မှ ဒေသခံများ တိုက်ပွဲရှောင်နေရကြောင်း သိရသည်။

ကျောက်မဲနှင့် သီပေါမြို့နယ်နှစ်ခုကြား ကျင်သီတံတားနှင့် ကျောက်မဲမြို့နယ်ဘက်ရှိ ပုံဖမ်းရွာအနီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

မည်သည့်အဖွဲ့များ တိုက်ခိုက်နေသည်ကို လတ်တလော အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အဆိုပါလမ်းပိုင်းမှ ခရီးသွားများ သတိထားကြရန် ဒေသခံများက အချင်းချင်း သတိပေးထားသည်ကို တွေ့ရသည်။