ကျောက်မဲမြို့ပေါ် စစ်ရှောင်စခန်းများတွင် နှစ်ရက်တာ စစ်ဆေးမှုအတွင်းCovid-19 ပိုးတွေ့သူ (၄၃)ဦးတွေ့ရှိ

ကျောက်မဲမြို့ပေါ် စစ်ရှောင်စခန်းများတွင် နှစ်ရက်တာ စစ်ဆေးမှုအတွင်းCovid-19 ပိုးတွေ့သူ (၄၃)ဦးတွေ့ရှိ
စက်တင်ဘာ 9, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နှင့် (၉) ရက်နေ့ နှစ်ရက်တာစစ်ဆေးမှုအတွင်းCovid-19 ကူးစက်ခံရသူ (၄၃)ဦးကို တွေ့ရသည်ဟု သိရသည်။

 

မနေ့က မန်ကျောင်းစစ်ရှောင်စခန်းကနေCovid-19 ပိုးတွေ့သူ (၉) ဦးတွေ့တယ်။ ဒီနေ့ အဲဒီနေရာကပဲ (၁၀) ဦးထပ်တွေ့တယ်။ ကျောက်မဲ - မိုင်းတင်းလမ်းပေါ်က နမ့်စော့စစ်ရှောင်စခန်းမှာက ဒီနေ့Covid-19 ပိုးတွေ့သူ (၂၄) ဦးရှိပါတယ်။ မြို့တွင်းမှာလည်း ကူးစက်မှုက လျော့မသွားဘူး။ သေဆုံးသူတွေလည်း ပုံမှန်နေ့တိုင်းရှိနေတယ်

ဟု ကျောက်မဲမှCovid-19 လူနာများအား ကုသဆောင်ပို့ဆောင်ရေးကို ကူညီပေးနေသည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း RCSS၊ SSPP နှင့် TNLA တို့ကြား တိုက်ပွဲများကြောင့် ဩဂုတ်လမှစ၍ စစ်ဘေးရှောင်များ ကျောက်မဲမြို့နှင့် အနီးဝန်းကျင်သို့ရောက်ရှိ ခိုစစ်ဘေးတိမ်းရှောင်လာသူများ ထပ်မံရောက်ရှိလာကြခြင်းဖြစ်သည်။

ကျောက်မဲမြို့နယ်တွင်Covid-19 တတိယလှိုင်းအတွင်း စက်တင်ဘာလ (၉)ရက်နေ့အထိCovid-19 ပိုးတွေ့သူ (၉၀၀)ကျော်ရှီနေပြီဖြစ်သည်။