ပအိုဝ်းဒေသအား လူဆိုး၊ သူခိုး၊ ဓားပြဘေးရန်မှ ကာကွယ်ရန်အတွက် လုံခြုံရေးလှုပ်ရှားခြင်းဟု PNLA ထုတ်ပြန်

ပအိုဝ်းဒေသအား လူဆိုး၊ သူခိုး၊ ဓားပြဘေးရန်မှ ကာကွယ်ရန်အတွက် လုံခြုံရေးလှုပ်ရှားခြင်းဟု PNLA ထုတ်ပြန်
ဇန်နဝါရီ 24, 2024 | 2021 Military Coup| ရှမ်းမြောက်

ပအိုဝ်းဒေသအား လူဆိုး၊ သူခိုး၊ ဓားပြဘေးရန်မှ ကာကွယ်ရန်အတွက် လုံခြုံရေးလှုပ်ရှားမှုကို ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)သည် ပအိုဝ်းဒေသအတွင်းရှိ ပအိုဝ်းလူမျိုးများနှင့် အခြားညီနောင်တိုင်းရင်းသား ပြည်သူများအားလုံးကို လွတ်လပ်လုံခြုံစွာ သွားလာနေထိုင်နိုင်ရန် ကာကွယ်ပေးရမည့် တာဝန်ရှိသည့် တပ်မတော်ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

ယခုလက်ရှိကာလတွင် လုံခြုံမှုအားနည်းနေသည့် ပအိုဝ်းဒေသအား လူဆိုး၊ သူခိုး၊ ဓားပြဘေးရန်မှ ကာကွယ်ရန်အတွက် လုံခြုံရေးလှုပ်ရှားမှုကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)အနေဖြင့် ဒေသတွင်းရှိ ပြည်သူများ အေးချမ်းသာယာစွာ သွားလာနေထိုင်နိုင်ရေးအတွက် လုံခြုံရေးလှုပ်ရှားခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency