စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို ထောက်ပံ့နေသူဟု နာမည်ထွက်နေသည့် ဒေါ်ကြည်လှ  ရွာအဝင် ဇရပ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို ထောက်ပံ့နေသူဟု နာမည်ထွက်နေသည့် ဒေါ်ကြည်လှ  ရွာအဝင် ဇရပ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ
ဇန်နဝါရီ 6, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို ထောက်ပံ့အားပေးနေသူဟု နာမည်ထွက်နေသည့်  ဒေါ်ကြည်လှအား ရွာအဝင် ဇရပ်တွင် ယနေ့ ဇန်နဝါရီလ(၆)ရက်၊ မနက်(၈)နာရီခွဲက ‌သေနတ်ဖြင့် (၄)ချက် ပစ်ခံရကာ သေဆုံးကြောင်း သိရသည်။

ဒေါ်ကြည်လှ ဆိုသူအား တောပုကျေးရွာအဝင် ဇရပ်တွင် ဒေသကာကွယ်ရေးအဖွဲ့များဖြစ်သည့် Monywa Ranger Group နှင့် Truth Army အထူးစုံစမ်းရေးအဖွဲ့တို့က သေနတ်ဖြင့် (၆)ချက် ပစ်ခတ်ရှင်းလင်းရာ (၄)ချက် ထိမှန်ပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

စစ်တပ်ကို ထောက်ပံ့ပေးသူ ဒေါ်ကြည်လှ ဆိုသူသည် ရပ်ရွာအတွင်း စစ်တပ်ခေါ်ဆောင်ရန် ငွေကြေးပံ့ပိုးခြင်း၊ ရပ်ရွာရှိ ပျူစောထီးနှင့် စစ်သားများကို  ထောက်ပံ့ခြင်းများ ပြုလုပ်ပေးနေသူ တစ်ဦးဖြစ်ကြောင်း Truth Army က ထုတ်ပြန်ထားသည်။

၂၀၂၂ခုနှစ် အစ ဇန်နဝါရီလ(၁)ရက်နေ့ကလည်း တောပုရွာမှ ပျူစောထီး ခေါင်းဆောင် ကျော်လွင်၏ တူတပည့်ဖြစ်သူ နန်းဝင်း ကို  ဗိုလ်စနေအဖွဲ့မှ ရှင်းလင်းခဲ့သေးသည်ဟု သိရသည်။