ရက္ခိုင်တပ်တော်(AA)၏ တပ်တော်နေ့ကို ဂုဏ်ပြုခြင်းအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကျေးဇူးစကားဆို

ရက္ခိုင်တပ်တော်(AA)၏ တပ်တော်နေ့ကို ဂုဏ်ပြုခြင်းအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကျေးဇူးစကားဆို
ဧပြီ 10, 2022 | အခြားဒေသများ

 ရက္ခိုင်တပ်တော်(AA)၏ တပ်တော်နေ့ကို ‌ ဂုဏ်ပြုကြောင်းနှင့် AA ၏ စစ်ရေးဆိုင်ရာ ထောက်ပံ့မှုကြောင့် ကျေးဇူးတင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားကြသည်။

AA ၏ စစ်ရေးဆိုင်ရာ ထောက်ပံ့မှုများ၊ မကွေးစစ်ဒေသအတွင်းမှ စစ်ရှောင်ပြည်သူများကို ကူညီစောင့်ရှောက်မှုများအား ဝမ်းမြောက်စွာ လက်ခံရရှိကြောင်းနှင့် ကျေးဇူးတင်ကြောင်း People's Revolution Alliance (PRA) မကွေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဒါ့အပြင် ကျောင်းသားလက်ရုံးတပ်မတော်ကလည်း စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ရဲဘော်များသည် AA ထိန်းချုပ်ရာနယ်မြေ၌ အခြေခံ စစ်ပညာသင်ယူခဲ့ပြီး AA ၏ ထောက်ပံ့ကူညီမှုဖြင့် ကျောင်းသား လက်ရုံးတပ်တော်ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကလည်း ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်တရပ် ပေါ် ပေါက်လာသည်အထိ AA နှင့်တကွ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ကရေးတပ်တော် (PIO၊PIA)တို့ကလည်း AA တပ်တော်နေ့အတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ထားကြသည်။