ဂန့်ဂေါမြို့နယ်တွင် PDFတပ်များ၏ တိုက်ခိုက်မှုကြောင့် ပိတ်မိနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို လေကြောင်းပစ်ကူဖြင့် ကယ်ထုတ်

ဂန့်ဂေါမြို့နယ်တွင် PDFတပ်များ၏ တိုက်ခိုက်မှုကြောင့် ပိတ်မိနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို လေကြောင်းပစ်ကူဖြင့် ကယ်ထုတ်
စက်တင်ဘာ 20, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များက ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ ပိတ်မိနေသည့် စစ်ကောင်စီတပ်အား လေကြောင်းပစ်ကူဖြင့် ကယ်ထုတ်သွားကြောင်း တပ်ရင်း(၃၉၀၁)၊ အမှတ်(၁)စစ်ဒေသထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၁)ရက်နေ့က ခလရ(၅၀)မှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို စက်တင်ဘာလ (၁၇)ရက်နေ့တွင် ဂန့်ဂေါခရိုင်တပ်အမှတ်(၁)တပ်ရင်း၊ အမှတ်(၈)တပ်ရင်း၊ အမှတ် (၁၀)တပ်ရင်း၊ အမှတ်(၁၂)တပ်ရင်း၊ အမှတ်(၁၄)တပ်ရင်းနှင့် မြို့နယ်ပကဖ အဖွဲ့ဝင်များက (၂)နာရီခန့်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ထိခိုက်သေဆုံးသူရှိခဲ့သဖြင့် တိုက်ခိုက်ခံရသည့်နေရာတွင် ညအိပ်ခဲ့ပြီး စက်တင်ဘာလ (၁၈)ရက်နေ့တွင် လေကြောင်းဖြင့် (၄၅)မိနစ်ကြာ ပစ်ကူရယူ၍ ကန်သာရွာနယ်မြေရဲစခန်းသို့ ဝင်ရောက်သွားပြီး ယနေ့ စက်တင်ဘာလ (၂၀)ရက်နေ့အထိ တပ်စွဲထားကြောင်း သိရသည်။

#TachileikNewsAgency