အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ အခွင့်အရေးရရှိရေးအတွက် လမ်းပြပေးဖို့လိုကြောင်း PSLF/TNLA ဗိုလ်ချုပ် တားဂျုတ်ဂျား ဆို

Photo: PSLF/TNLA
Photo: PSLF/TNLA
အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ အခွင့်အရေးရရှိရေးအတွက် လမ်းပြပေးဖို့လိုကြောင်း PSLF/TNLA ဗိုလ်ချုပ် တားဂျုတ်ဂျား ဆို

 အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ အခွင့်အရေးရရှိရေးအတွက် လမ်းပြပေးဖို့လိုကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)၏ ဒုတိယဥက္ကဌ ဗိုလ်ချုပ် တားဂျုတ်ဂျား သင်တန်းဆင်းပွဲတွင် ပြောကြားလိုက်သည်။

အမျိုးသမီး နဲ့ အမျိုးသားတွေ တန်းတူအခွင့်အရေး မရကြသေးတာဟာ ရှေးရိုးထုံးတမ်း လွှမ်းမိုးမှုတွေကြောင့် ဖြစ်ပါတယ်။ အဲကြောင့် သင်တန်းများများဖွင့်ပြီး အမျိုးသမီးတွေကို စွမ်းရည်မြှင့်တင်ပေးရမယ်။ သူတို့ကိုသူတို့ အမျိုးသားနဲ့တန်းတူပဲဆိုတာ လမ်းပြပေးဖို့ လိုပါတယ်။ အမျိုးသမီးတွေကိုယ်တိုင်ကလည်း ခွန်အားအရ မဟုတ်ပေမယ့် စဉ်းစားတွေးခေါ်တဲ့နေရာမှာ အမျိုးသားနဲ့ယှဉ်နိုင်နေရမယ်

ဟု  PSLF/TNLA ၏   ဒုတိယဥက္ကဌ ဗိုလ်ချုပ် တားဂျုတ်ဂျားက သင်တန်းဆင်းပွဲ၏ အခမ်းအနားတွင် အမှာစကားတွင် ပြောကြားခြင်း ဖြစ်သည်။

  PSLF/TNLA ၏   ဒုတိယဥက္ကဌ ဗိုလ်ချုပ် တားဂျုတ်ဂျား

PSLF/TNLA ၏ ထိန်းချုပ်နယ်မြေတစ်နေရာတွင် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအား ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး PSLF/TNLA ၏ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း  ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့တွင်  PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်လာသည်။

 

ကျွန်တော်တို့ တပ်ထဲက အမျိုးသမီးတိုင်းကို ပြည်တွင်းဥပဒေ နဲ့ အခွင့်အရေးအပြင် နိုင်ငံတကာဥပဒေ နဲ့ အမျိုးသမီးအခွင့်အရေးတွေကိုလည်း များများသင်ကြားပေးဖို့ လိုတယ်။ နိုင်ငံတကာ အတွေးအခေါ်တွေ၊ အခြေခံဗဟုသုတတွေ သူတို့များများသိထားရင် အလုပ် လုပ်တဲ့နေရာမှာလည်း သူတို့ကိုယ်သူတို့ ယုံကြည်မှု ပိုရှိလာပြီး အဆင့်မြင့်နိုင်ငံရေးသင်တန်းတို့လိုဟာမျိုးလည်း အရည်အချင်းရှိရှိနဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်

ဟု PSLF/TNLA ၏   အထွေအထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောကြားသည်။ 

PSLF/TNLA ၏   အထွေအထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်

အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးသင်တန်းအား ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ (၃)လတာ ဖွင့်လှစ်ပြီး  human rights, child rights, women rights, women law, rule of law, constitution, facilitation, leadership skills, democracy, public speaking, project management, computer, O Development, ရုံးလုပ်ငန်း နှင့် အမှုကောက်ယူမှုပုံစံ စသည့် ဘာသာရပ် (၁၅) ခု သင်ကြားခဲ့ပြီး သင်တန်းသူ (၂၇) ဦး တက်ရောက်ခဲ့ကြောင်း နှင့် အဆိုပါ သင်တန်းသည်  ပထမဆုံးအကြိမ် ဖွင့်လှစ်သော သင်တန်းဖြစ်ပြီး လာမည့်နှစ်များတွင်လည်း တစ်နှစ် (၁) ကြိမ် ဖွင့်လှစ်သွားနိုင်ဖို့ ရည်မှန်းထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA