လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံတွင် အာဇာနည်နေ့အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချလိုသူများ လူစုလူဝေးမဖြစ်စေရန် စီမံပေးထား

လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံတွင် အာဇာနည်နေ့အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချလိုသူများ လူစုလူဝေးမဖြစ်စေရန် စီမံပေးထား
ဇူလိုင် 18, 2020
By 🌸
(ပုံအညွှန်း - လွိုင်ကော်မြို့တွင် ၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် အာဇာနည်နေ့ အခမ်းအနားဖြစ်ပါသည်။)
လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံတွင် အာဇာနည်နေ့အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချလိုသူများ လူစုလူဝေးမဖြစ်စေရန် စီမံပေးထား

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချ၊ အလေးပြုလိုသည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ပြည်သူများအတွက် ကန္ဒာဟေဝန်ပန်းခြံတွင် လူစုလူဝေးမဖြစ်စေဘဲ ကျင်းပနိုင်ရန် စီမံပေးထားကြောင်း သိရသည်။

" ကျွန်တော်တို့က ရပ်ကွက်တွေ လှည့်ကြေညာထားတော့သူတို့သိပါတယ်။ Mask တပ်လာရမယ်။ ပြီးတော့ Social Distancing (တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးတွင် သွားလာနေထိုင်ခြင်း) ဖြစ်အောင် ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ လေးထောင့်အကွက်လေးတွေလုပ်ပေးထားတယ်။ တစ်ယောက်နဲ့တစ်ယောက်ခြားပြီးတော့ ဂါရဝပြုလို့ရအောင် စီစဉ်ပေးထားတယ်။ Mask မပါလာခဲ့ရင်လည်း အဆင်သင့်ပေးနိုင်အောင်ပြင်ထားပါတယ်။ ကြိုက်တဲ့သူလာလို့ရတယ်။ လာရင်ဝင်လိုက်တာနဲ့ အကွက်လေးလုပ်ထားပေးတော့ ရှေ့မှာလူရှိရင်ဝင်လို့မရဘူး။ တစ်ဖွဲ့ပြီးမှတစ်ဖွဲ့ပေါ့။ ဒီမှာလည်း တာဝန်ရှိသူတွေက ဘေးမှာရှိနေပေးမှာပါ ။ စနစ်တကျလေးသွားဖို့ပေါ့ " 

ဟု လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့  ဇူလိုင်လ (၁၈)ရက်နေ့တွင် ပြောသည်။

၂၀၂၀ ခုနှစ် အာဇာနည်နေ့အခမ်းအနားကို COVID 19 ကာကွယ်ရေးအတွက် နှစ်စဉ်ကျင်းပသကဲ့သို့ အခမ်းအနားကျင်းပတော့မည်မဟုတ်သော်လည်း လွမ်းသူ့ပန်းခွေချ ဂါရဝပြုလိုသည့် အများပြည်သူအနေဖြင့် ဗိုလ်ချုပ်ကြေးရုပ်ထုရှိသည့် ကန္ဒာဟေဝန်ပန်းခြံသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဝင်ရောက်နိုင်ကြမည်ဖြစ်ကြောင်း ကယားပြည်နယ်အစိုးရရုံးမှ အသိပေးကြေညာထားသည်။

" အခုက အကျဉ်းချုံးလုပ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့က အရင်နှစ်ကလို လူဦးရေ (၅၀၀)၊ (၇၀၀) အဲဒီလို စစ်ကြောင်းကြီးတွေနဲ့ မချီတော့ဘူး။ အကျဉ်းချုံးပြီးတော့ပဲ လုပ်ဖို့ ဗဟို ကော်မတီ ပြည်နယ်ကော်မတီရဲ့ ညွှန်ကြားချက်နဲ့အညီ ကျွန်တော်တို့ လုပ်ဆောင်ထားတယ်။ ပြင်ဆင်ထားပါတယ် " 

ဟု လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းကပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် လွမ်းသူပန်းခွေချ အလေးပြုရာတွင် Social Distancing နှင့်အညီ အလေးပြုနိုင်ရေးအတွက် တစ်ဦးချင်း နှင့် အသင်းအဖွဲ့များ မှ အလေးပြုမည့်သူများအနေဖြင့် သတ်မှတ်ထားသည့် အမှတ်အသားပြနေရာများတွင် အများဆုံး(၇)ဦး အထိသာဝင်ရောက်  ဂါရဝပြုကြရန်နှင့်  Mask များတပ်ဆင်ကြရန် ကယားပြည်နယ်အစိုးရရုံးမှ ထုတ်ပြန်ထားသည်။

(၇၃)နှစ်မြောက် အားဇာနည်နေ့အခမ်းအနားအား ဇူလိုင်လ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ရှိ အာဇာနည် ကျောက်တိုင်ကွင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့် အကျဉ်းချုံးပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ ၊ ငြိမ်းချမ်းရေးအဖွဲ့များ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား လူဦးရေကန့်သတ်၍ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
 Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~