ေက်ာက္မဲၿမိဳ႕တြင္ အသက္(၁၃)ႏွစ္အရြယ္ လူငယ္အပါအ၀င္ (၃)ဦးအား မူးယစ္း၀ါးႏွင့္အတူ ဖမ္းဆီးရမိ

ေက်ာက္မဲၿမိဳ႕တြင္ အသက္(၁၃)ႏွစ္အရြယ္ လူငယ္အပါအ၀င္ (၃)ဦးအား မူးယစ္း၀ါးႏွင့္အတူ ဖမ္းဆီးရမိ
ဇွန် 8, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕  အမွတ္(၁)ရပ္ကြက္၊ နမ့္ဟူးကတ္ေက်းရြာလမ္း ေရေခ်ာင္းေဘးတြင္ မူးယစ္ေဆး၀ါးမ်ား လာေရာက္သံုးစြဲေရာင္းခ်မႈမ်ား လုပ္ကိုင္သူမ်ားရွိေနေၾကာင္း သတင္းအရ ပူးေပါင္းအဖြဲ႔မွ သြားေရာက္စစ္ေဆးရာက  အသက္(၁၃)ႏွစ္အရြယ္ လူငယ္တစ္ဦး အပါအ၀င္ (၃)ဦးတို႔အား မူးယစ္ေဆး၀ါးႏွင့္ အတူ ဖမ္းဆီးရမိ၍ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕  အမွတ္(၁)ရပ္ကြက္၊ နမ့္ဟူးကတ္ေက်းရြာလမ္း ေရေခ်ာင္းေဘးတြင္၂၀၁၉ခုႏွစ္ ဇြန္လ (၈)ရက္ နံနက္ (၁၁)နာရီခြဲ ၀န္းက်င္အခ်ိန္က  ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔၀င္မ်ားႏွင့္ ပူးေပါင္းအဖြဲ႔က မူးယစ္ေဆး၀ါးသတင္းအရ ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ရာ အဆိုပါ ေနရာတြင္  အသက္(၁၃)ႏွစ္အရြယ္ လူငယ္တစ္ဦးႏွင့္ အသက္ (၃၂)ႏွစ္ အရြယ္ အမ်ိဳးသားတို႔ကိုေတ႔ြရၿပီး အသက္(၃၂)ႏွစ္အရြယ္ ဘိုဘို(ခ)ေက်ာ္စိုး ကိုင္ေဆာင္ထားေသာ အမဲေရာင္သံပိုက္အတြင္းက စိတ္ၾကြေဆးျပား( ၃၃၀) ျပားကို ေတြ႔ရွိရေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားေတြ႔ရွိရၿပီးေနာက္ ဘိုဘို(ခ)ေက်ာ္စိုးႏွင့္ အတူရွိေနသည့္ အသက္(၁၃)ႏွစ္အရြယ္ (၇)တန္းေက်ာင္းသားျဖစ္သူ ေအာင္ဟိန္းဦးအား စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ကာ ၎ေနထိုင္ရာ  အမွတ္ (၁)ရပ္ကြက္ အုတ္က်င္းရပ္ရွိ ေနအိမ္သို႔ သြားေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ရာ ေနအိမ္တြင္ အသက္(၅၀)ႏွစ္ရွိ ေဒၚမိမိခိုင္ဆိုသူအား ေတြ႔ရွိရၿပီး ဆက္လက္စစ္ေဆးမႈမ်ား ျပဳလုပ္ရာက အိပ္ခန္းကုတင္ေျခရင္းတြင္ မူးယစ္ေဆး၀ါးသံုးစြဲရာ၌ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကို ရွာေဖြေတြ႔ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင္ ပတ္သက္၍ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္  ဘိုဘို၊ ေအာင္ဟိန္ဦး ႏွင့္ မိမိခိုင္တို႔အား မူးယစ္ေဆးဝါးမ်ားအား သံုးစြဲရန္ႏွင့္ ေရာင္းခ်ရန္အလို႔ငွာ လက္ဝယ္ထားမႈျဖင့္  မယ( ပ )၃၀/၂၀၁၉ ၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစသည့္ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၉( က )/၂၁ အရအမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်၊ နမ့်ဟူးကတ်ကျေးရွာလမ်း ရေချောင်းဘေးတွင် မူးယစ်ဆေးဝါးများ လာရောက်သုံးစွဲရောင်းချမှုများ လုပ်ကိုင်သူများရှိနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာက အသက်(၁၃)နှစ်အရွယ် လူငယ်တစ်ဦး အပါအဝင် (၃)ဦးတို့အား မူးယစ်ဆေးဝါးနှင့် အတူ ဖမ်းဆီးရမိ၍ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်၊ နမ့်ဟူးကတ်ကျေးရွာလမ်း ရေချောင်းဘေးတွင်၂၀၁၉ခုနှစ် ဇွန်လ (၈)ရက် နံနက် (၁၁)နာရီခွဲ ဝန်းကျင်အချိန်က ကျောက်မဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ အဆိုပါ နေရာတွင် အသက်(၁၃)နှစ်အရွယ် လူငယ်တစ်ဦးနှင့် အသက် (၃၂)နှစ် အရွယ် အမျိုးသားတို့ကိုတွေ့ရပြီး အသက်(၃၂)နှစ်အရွယ် ဘိုဘို(ခ)ကျော်စိုး ကိုင်ဆောင်ထားသော အမဲရောင်သံပိုက်အတွင်းက စိတ်ကြွဆေးပြား( ၃၃၀) ပြားကို တွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများတွေ့ရှိရပြီးနောက် ဘိုဘို(ခ)ကျော်စိုးနှင့် အတူရှိနေသည့် အသက်(၁၃)နှစ်အရွယ် (၇)တန်းကျောင်းသားဖြစ်သူ အောင်ဟိန်းဦးအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ၎င်းနေထိုင်ရာ အမှတ် (၁)ရပ်ကွက် အုတ်ကျင်းရပ်ရှိ နေအိမ်သို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ရာ နေအိမ်တွင် အသက်(၅၀)နှစ်ရှိ ဒေါ်မိမိခိုင်ဆိုသူအား တွေ့ရှိရပြီး ဆက်လက်စစ်ဆေးမှုများ ပြုလုပ်ရာက အိပ်ခန်းကုတင်ခြေရင်းတွင် မူးယစ်ဆေးဝါးသုံးစွဲရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင် ပတ်သက်၍ ကျောက်မဲမြို့မရဲစခန်းတွင် ဘိုဘို၊ အောင်ဟိန်ဦး နှင့် မိမိခိုင်တို့အား မူးယစ်ဆေးဝါးများအား သုံးစွဲရန်နှင့် ရောင်းချရန်အလို့ငှါ လက်ဝယ်ထားမှုဖြင့် မယ( ပ )၃၀/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉( က )/၂၁ အရအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net