ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ စစ်ကောင်စီတပ်၏ လက်ကျန် တပ်စခန်းများကို သိမ်းပိုက်ရရှိရေး ရက္ခိုင့်တပ်တော်က ဆက်လက် ထိုးစစ်ဆင်နေ

ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ စစ်ကောင်စီတပ်၏ လက်ကျန် တပ်စခန်းများကို သိမ်းပိုက်ရရှိရေး ရက္ခိုင့်တပ်တော်က ဆက်လက် ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်အတွင်း ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ စစ်ကောင်စီတပ်၏ လက်ကျန်စခန်းအချို့အား သိမ်းပိုက်နိုင်ရန် ရက္ခိုင့်တပ်တော်က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က မေလ(၁၅)ရက်နေ့ ညပိုင်းက အသိပေး သတင်းထုတ်ပြန်ထားသည်။



အဆိုပါမြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်က ဝိုင်းရံ ပိတ်ဆို့ထားခြင်း၊ ဖြတ်တောက်ထားခြင်းတို့ကိုပြု လုပ်ထားဆဲဟု ဆိုသည်။

ရသေ့တောင်မြို့ အခြေစိုက်တပ်ရင်းများဖြစ်သည့် ခမရ (၅၃၆)၊ (၅၃၇)နှင့် (၅၃၈)တို့ကို မကျစေရန် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေပစ်ကူများဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် အဆိုပါစခန်းများကို ရက္ခိုင့်တပ်တော်မှ အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

ထို့အပြင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ စကခ (၁၅) လက် အောက်ခံ ခမရ (၅၅၂) တပ်ရင်းကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ဆိုသည်။

မောင်တောမြို့နယ်အတွင်းရှိ လက်ကျန် နယ်ခြားစောင့် စခန်းအချို့ကိုလည်း သိမ်းပိုက်ရယူရေးအတွက် ဆက်လက်တိုက်ခိုက်‌နေပြီး စခန်းစွန့် ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများအား လိုက် လံဖမ်းဆီးနေသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် အသက်ချမ်းသာစေရေးနှင့် အေးချမ်းစွာနေနိုင်ရေးအတွက် အသေခံမတိုက်ဘဲ အလံဖြူထောင်၍ လက်နက်ချအညံ့ခံရ ရက္ခိုင့်တပ်တော်(AA)က အသိပေးထားကြောင်းလည်း သိရသည်။