ကလေးမြို့နယ်အတွင်း ပြင်သာရွာတွင်  PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး အပါအဝင် (၁၀)ဦးအထက်မနည်း သေဆုံးပြီး PDF ဘက်က (၇)ဦး ကျဆုံး

ကျဆုံး PDF များ၏ လက်နက်များ သိမ်းဆည်းခံထားရစဉ်
ကျဆုံး PDF များ၏ လက်နက်များ သိမ်းဆည်းခံထားရစဉ်
ကလေးမြို့နယ်အတွင်း ပြင်သာရွာတွင်  PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး အပါအဝင် (၁၀)ဦးအထက်မနည်း သေဆုံးပြီး PDF ဘက်က (၇)ဦး ကျဆုံး
ဖေဖော်ဝါရီ 5, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲနေသည့် ပြင်သာရွာကို ပြည်သူ့ကာကွယ်ရေးတပ်များမှ ဖေဖော်ဝါရီလ (၄)ရက်၊ ညပိုင်းက ဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအများအပြားသေကြောင်း ကလေး PDF က ယနေ့ဖေဖော်ဝါရီလ(၅)ရက်တွင် သတင်းထုတ်ပြန်လာသည်။

ပျူစောထီးအဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီတပ်သား(၄)ဦး ထိုင်နေသည့် ပြင်သာစာသင်ကျောင်းအခန်းထဲသို့ လက်ပစ်ဗုံးပစ်သွင်းခဲ့ရာ ၎င်းတို့ အားလုံးသေကြောင်း သိရသည်။

ပြင်သာစာသင်ကျောင်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးတပ်မှ အင်အား (၅၀)ဦးဖြင့် အနီးကပ် ဝင်‌ရောက်တိုက်ကြခြင်းဖြစ်ပြီး ၎င်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ (၇)ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။

ယင်းအနီးကပ် တိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး ပြင်သာစာသင်ကျောင်းဝန်းထဲတွင် လူရေနေချိန်၌ ပကဖတပ်ခွဲမှူးက အကြမ်းဖက်စစ်ကောင်စီတပ်၏ ဗိုလ်ကြီးတစ်ဦးကို တေ့ကာပစ်သတ်နိုင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ ဗိုလ်ကြီးမှာ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်၊ ဘုရား(၃)ဆူအနီးမှ ဖြစ်ကြောင်း သိရသည်။

 

ဒါ့အပြင် ကလေးမြို့တွင် PDF များကို လိုက်ဖမ်းရာတွင် ပါဝင်သည့် ဒလန်ဟု နာမည်ကြီးနေသူ၏ သား အပါအဝင် ပျူစောထီး(၁၂)ဦး သေဆုံးသည့်အပြင် (၁၈)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

သေသွားသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများကို ယင်းနေ့ညကပင် ကလေးမြို့သို့ ကားနှင့်တင်သွားပြီး ပကဖကျဆုံးရဲဘော်များ၏ ရုပ်အလောင်းများကို ပြင်သာစာသင်ကျောင်းထဲတွင် ချထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက် စစ်ကောင်စီဘက်က ၎င်းတို့၏ သေဆုံး ဒဏ်ရာရသည့် အရေအတွက်များကို ဖော်ပြလေ့မရှိဘဲ PDF ဘက်က ကျဆုံးသည့် အရေအတွက်ကိုသာ ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။