လူနှင့်လက်နက် အင်အားများဖြင့် တိုးစစ်ဆင်နေသည့် အာဏာသိမ်း စစ်ကောင်စီတပ်များကို ခုခံနေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြည်သူများ၏ အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေ

Photo: KNDF, PDF
Photo: KNDF, PDF
လူနှင့်လက်နက် အင်အားများဖြင့် တိုးစစ်ဆင်နေသည့် အာဏာသိမ်း စစ်ကောင်စီတပ်များကို ခုခံနေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြည်သူများ၏ အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေ
ဖေဖော်ဝါရီ 18, 2022 | ကယား

အာဏာသိမ်းစစ်ကောင်စီတပ်က တင့်ကားများအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့မှစ၍ ယနေ့အထိ ခုခံတိုက်ခိုက်နေကြရသည့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များက  ပြည်သူ့အကူအညီကို တောင်းခံထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့ကတည်းက မိုးဗြဲကို စတင်ထိုးစစ်ဆင်လာပြီး ယမန်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားရာ အာဏာသိမ်းတပ်က အထိနာပြီးနောက် လေကြောင်းဖြင့်ပါ တိုက်ခိုက်နေ၍ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များဘက်တွင် အကျအဆုံး (၂၀)ဝန်းကျင်ရှိခဲ့ခြင်းဖြစ်သည်။

ယနေ့တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်သည့် အနေအထားကြောင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များဖြစ်ကြသည့် PDF Pekhon၊ Mobye People Defense Force၊ PDF Loikaw၊ Karenni Generation Z၊ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်၊ Karenni Army Center- Kn.A.C၊ Fight For Justice-JPDF၊ GZ-21 - PDF တို့နှင့်အတူ Karenni Nationalities Defense Force-KNDF ကလည်း ပူးပေါင်းတိုက်ခိုက်နေပြီး လိုအပ်သည့် အကူအညီများကို ပြည်သူလူထုအနေဖြင့် တတ်နိုင်သည့်ဘက်မှ ပံ့ပိုးပေးကြရန် နှိုးဆော်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်သည့် ပြည်သူများအား နိုင်ငံ့ဘတ်ဂျက်ဖြင့် တည်ဆောက်ထားသည့် စစ်တပ်က အကြမ်းဖက် သတ်ဖြတ်မှုများကြောင့်  ရရာလက်နက်ကိုင်သည့် ပြည်သူ့တော်လှန်ရေးတစ်ရပ် ပေါ်လာခြင်းဖြစ်သည်။

#TachileikNewsAgency