ရပ်စောက်မြို့နယ်အတွင်း ဗထူးတပ်မြို့တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက ည (၇)နာရီနောက်ပိုင်း လမ်းသွားလမ်းလာများကို ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်နေ

ရပ်စောက်မြို့နယ်အတွင်း ဗထူးတပ်မြို့တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက ည (၇)နာရီနောက်ပိုင်း လမ်းသွားလမ်းလာများကို ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်နေ
ဒီဇင်ဘာ 23, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ဗထူးတပ်မြို့တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက ည (၇)နာရီနောက်ပိုင်း လမ်းသွားလမ်းလာများအား စစ်ဆေးရာတွင် ရိုက်နှက်မှုများပါ ပြုလုပ်နေသည်။

ည (၇)နာရီကျော်တာနဲ့ လမ်းသွားလမ်းလာကို ရိုက်နှက်စစ်ဆေးတာ လုပ်တယ်။ ဗထူးတပ်မြို့က စခ နဲ့ ရဲ တွေက နေ့တိုင်းပြည်သူကို နှိပ်စက်နေကြတာ။ အခုလေးပဲ လမ်းသွားလမ်းလာ စုံတွဲတစ်တွဲကို ရိုက်နှက်နေတာတွေ့ခဲ့တယ်။ တစ်ချို့ဆို ပါးရိုက်ခံရတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ (၂၂) ရက်နေ့က ညပိုင်းက ပြောကြားသည်။

ရပ်စောက်မြို့တွင် မည်သည့်ကြေညာချက်မှမရှိဘဲ ည (၇)နာရီကျော်သည်နှင့် လမ်းသွားလမ်းလာများအား ရိုက်နှက်စစ်ဆေးမှုများလုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက် စစ်တပ်နှင့်ရဲတို့က ပြည်သူများအား အကြမ်းဖက်ရိုက်နှက်စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများ လုပ်နေကြသည်ကို တွေ့ရသည်။

#TachileikNewsAgency